၁၇ နိုဝင်ဘာ ၂၀၁၆ - ၂၀:၁၈
အေမာမ် ဟိုစိန် (အ.စ) ၏ ကျဲဟ်လွန်မ် တွင်ပါဝင် နိုင်ရန် ၂၂ နိုင်ငံ မှ ဇေယာရသ် ပြုသူများ အီရတ် သို့ ရောက်ရှိ

မဟာမတန်တော်မြတ် ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ မြေးတော် ဆယက်ဒ် ဒို ရှိုဟာဒါ အေမာမ် ဟိုစိန် (အ.စ) ၏ ကျဲဟ်လွန်မ် တွင်ပါဝင် နေရာယူ နိုင်ရန် ကမ္ဘာ့ ၂၂ နိုင်ငံ မှ ဇေယာရသ် ပြုသူများ အီရတ် နိုင်ငံ သို့ ရောက်ရှိ နေကြောင်း အီရန် အခြေစိုက် မဲဟ်ရ် သတင်းဌာန မှ တင်ပြ ထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မဟာမတန်တော်မြတ် ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ မြေးတော် ဆယက်ဒ် ဒို ရှိုဟာဒါ အေမာမ် ဟိုစိန် (အ.စ) ၏ ကျဲဟ်လွန်မ် တွင်ပါဝင် နိုင်ရန် ကမ္ဘာ့ ၂၂ နိုင်ငံ မှ ဇေယာရသ် ပြုသူများ အီရတ် နိုင်ငံသို့ ရောက်ရှိ နေကြောင်း အီရန် အခြေစိုက် မဲဟ်ရ် သတင်းဌာန မှ တင်ပြထားပါတယ်။


သတင်းအထောက်အထားများ အရ ၂၂ နိုင်ငံ မှာ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၊ဆော်ဒီ၊ကူဝိတ် ၊ ဘာရိန်း ၊ ယူအေအီ ၊ ဆီးရီးယား ၊ လက်ဘနွန် ၊ ပါကစ္စတန် ၊ အိန္ဒိယ၊ အမေရိကန်နှင့်  အခြား၁၂နိုင်ငံ လည်း ပါဝင် ကြောင်း သိရပါတယ်။
ကျဲဟ်လွန်မ် အတွက် လုံခြုံရေး ကို အီရတ် တာဝန်ရှိသူများ မှ အပြည့်အဝ ချထားကြောင်း သိရပါတယ်။ စာမရာ မြို့ တွင် အီရတ် တပ်မတော်အနေဖြင့် အကြမ်းဖက် အစွန်းရောက် ဟု သံသယ ဖြစ်ရသည့် လူ ၂၂ ယောက်ကို ဖမ်းဆီး ခဲ့ပါတယ်။


အီရတ် သတင်းဌာန ၏ သတင်းထုတ်ပြန်ချက်အရ နဂျဖ် မှ ကရ်ဗလာ သို့ ခြေလျင် ဇေယာရသ် ခရီးစဉ် စတင်နေပြီး ဖြစ် ကြောင်း ဇေယာရသ် ပြုသူ ခြေလျင် ခရီးသည်များ အတွက် လမ်း တစ်လျှောက် စားစရာ ၊သောက်စရာ ၊ ဆေးဝါးကုသမှု တို့ ကို အပြည့်အဝ အစီအစဉ်ပြုထား ကြောင်း သိရပါတယ်။  မိုအ်မင်နီများ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် သခင် နှင့် ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ ကျေနပ် နှစ်မြို့ မှု ရရှိရန် အတွက် အေမာမ် ဟို စိန် (အ.စ) ၏ ဇေယာရသ် ပြုသူများ ကို ခေသ်မသ်ပြုနေ ကြပါတယ်။    


ခြေလျင် ဇေယာရသ်ပြုသူများတွင်မြန်မာနိုင်ငံ မှ မိုအ်မင်နီ မိုအ်မေနသ်အချို့ လည်း ပါဝင်ကြောင်း သတင်းသိရပါတယ်။

=======================
251/ End