အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ် မောင်တောအကြမ်းဖက်မှုဖြစ်စဉ် ကြောင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေ တီတော်တွင် လုံခြုံရေး တိုးမြှင့် ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက နိုဝင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်အ စည်းအဝေးအပြီး၌ မီဒီယာများ အား ပြောကြားသည်။
ပြည်တွင်း၊ ပြည်ပ အဖျက်သမားအချို့က ရွှေတိဂုံစေတီတော် ကြီးကို နှောင့်ယှက်ဖျက်ဆီးမည့် သတင်းများ ထုတ်လွှင့်မှုကြောင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း ၎င်းက ပြောသည်။ ‘‘ရွှေတိဂုံဘုရားကြီးရဲ့ လုံခြုံမှုကတော့ မြန်မာနိုင်ငံရဲ့အသက် သွေးကြောဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။ လွန်ခဲ့သည့် ၁၅ ရက်က စတင်ကာ လုံခြုံရေးတိုးမြှင့်ခဲ့ ကြောင်း ဝန်ကြီးကပြောကြားပြီး လုံခြုံရေးသဘောသဘာဝအရ အင်အားကို ထုတ်ဖော်မပြောနိုင် ကြောင်း ငြင်းဆိုသည်။
အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ် မောင်တောဒေသ ၌ ဘင်္ဂါလီအကြမ်းဖက်သမားများ က ရဲဌာနချုပ်သုံးခု တစ်ပြိုင်နက် တိုက်ခိုက်ပြီးနောက် မောင်တောအရေးတွင် တပ်မတော်ပါဝင် ရောက်ထိန်းသိမ်းခဲ့ရသည်။
စုစုပေါင်း တိုက်ပွဲကိုးကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်မှုများ ကြောင့် နယ်မြေအေးချမ်းမှု ပြန် လည်မရရှိသေးပေ။ ယင်းအခြေ အနေတွင် အွန်လိုင်းပေါ်၌ ရွှေတိ ဂုံစေတီတော်ကြီးကို နှောင့်ယှက် ဖျက်ဆီးမည့် သတင်းများထွက် ပေါ်ခဲ့ပြီး ရွှေတိဂုံကို တိုက်ခိုက် သည့် ဖန်တီးပြုလုပ်ချက်များ အွန် လိုင်းပေါ်တွင် ဖြန့်ဝေမှုများရှိခဲ့ သည်။ရွှေတိဂုံစေတီတော်နှင့် အနီးဝန်းကျင်တွင် ဒရုန်းပျံသန်းမှုကို လည်း တားမြစ်ထားသည်။ ရွှေတိ ဂုံစေတီတော်သို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများစွာ နေ့စဉ်ဝင် ရောက်လျက်ရှိသည်။
===================
251 / End
၁၈ နိုဝင်ဘာ ၂၀၁၆ - ၁၉:၄၇
News ID: 792780