အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရေနံကုမ္ပဏီတစ်ခု ဖြစ်သော Petroleum Brunei (PBMyanmar)ကုမ္ပဏီက မင်းတုန်း မြို့နယ်အတွင်း ကျေးရွာအုပ်စု ပေါင်း ၅၃ အုပ်စုတွင် ရေနံစမ်းသပ် တူးဖော်နိုင်ရန် လေ့လာစမ်းသပ် မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၇ ရက် နံနက်က မင်းတုန်းမြို့နယ်ခန်းမတွင် ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုရှိ ဒေသ ခံပြည်သူများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် ကုမ္ပဏီတာဝန်ရှိ သူများ တွေ့ဆုံ၍ စီမံကိန်းအ ကြောင်း ရှင်းလင်းပွဲအခမ်းအနား တွင် ကုမ္ပဏီတာဝန်ရှိသူတစ်ဦး က ပြောကြားခြင်းဖြစ်သည်။
စီမံကိန်းကို ၂၀၁၇ ပွင့်လင်း ရာသီအထိ လုပ်ဆောင်ရန်ရှိနေ ပြီး စမ်းသပ်နေရာများအနက် နေ ရာနှစ်ခုတွင်သာ ရေနံစမ်းသပ် တူးဖော်မည်ဟု သိရကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သူ မင်းတုန်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောကြားသည်။
‘‘ကျေးရွာအုပ်စု ၅၃ အုပ်စုအတွင်းမှာ ကျေးရွာပေါင်းက ၁၂၀ ကျော်တယ်။ စမ်းသပ်လေ့လာမှု တွေလုပ်မှာဆိုတော့ မင်းတုန်းမြို့ နယ်တစ်ခုလုံးရဲ့ သုံးပုံပုံရင် နှစ်ပုံလောက်လုပ်မှာလို့ ပြောလို့ရပါ တယ်။ စမ်းသပ်လေ့လာမှုတွေ လုပ်ဆောင်တဲ့အခါမှာ တောင်သူ တွေ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှုအတွက် ကြိုတင် ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်ထား တယ်’’ ဟု ဦးအေးလှိုင်ဦးက ပြော သည်။
စမ်းသပ်မှုများပြုလုပ်စဉ် ဒေသခံတောင်သူများ၏ သီးနှံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာ နိုင်၍ ဒေသခံများနှင့် မြို့နယ်အ ဆင့် တာဝန်ရှိသူများက နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံကာ သီးနှံအမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
နိုင်ငံခြား ရေနံကုမ္ပဏီများ က ကုန်းတွင်းရေနံလုပ်ကွက်များ အဖြစ် မကွေးတိုင်း အောင်လံ၊ ဆင်ပေါင်ဝဲနှင့် သရက်မြို့နယ် များတွင် ၂၀၁၄၊ ၂၀၁၅ ခုနှစ်များက စမ်းသပ် တူးဖော်တွင်း များ ပြုလုပ်ခဲ့သော်လည်း အများစု အောင်မြင်ခြင်းမရှိဘဲ ပြန်လည် ပိတ်သိမ်းခဲ့သည်။
အောင်လံမြို့နယ်တွင် ရေနံ စမ်းသပ်တူးဖော်တွင်းနှစ်တွင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် တစ်တွင်းတူးဖော်ခဲ့ပြီး ယခုအခါ ရေနံတွင်း နေရာများပိတ်သိမ်းပေးခြင်း၊ စမ်း သပ်တူးဖော်နေရာများတွင် ပြန် လည်စိုက်ပျိုး၍ရရှိအောင် မြေပြုပြင်ပေးခြင်း၊ ယာယီလမ်းများ ပြန်လည်ဖျက်သိမ်းခြင်းတို့ကို သက် ဆိုင်ရာ ကုမ္ပဏီများက ဆောင် ရွက်နေသည်။
===================
251 / End
၁၉ နိုဝင်ဘာ ၂၀၁၆ - ၁၉:၄၁
News ID: 793006
ရေနံကုမ္ပဏီတစ်ခု ဖြစ်သော Petroleum Brunei (PBMyanmar)ကုမ္ပဏီက မင်းတုန်း မြို့နယ်အတွင်း ကျေးရွာအုပ်စု ပေါင်း ၅၃ အုပ်စုတွင် ရေနံစမ်းသပ် တူးဖော်နိုင်ရန် လေ့လာစမ်းသပ် မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။