အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်တွေ၊ နိုဝင်ဘာ ၂၁ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဓညဝတီရပ်ကွက်တွင် နိုဝင်ဘာ ၂၁ရက် ည ၈နာရီခွဲခန့်က သောင်းနဲ့ချီတဲ့ လူစုလူဝေးတွေ စုဝေးရောက်ရှိလာတဲ့အတွက် စစ်တပ် နှင့် ရဲ လုံခြုံရေးတွေ အပြည့်ချထားရပါတယ်လို့ အဲ့ဒီ့နေရာကို ရောက်နေတဲ့ RiA သတင်းထောက်က သတင်းပေးပို့ပါတယ်။
ဘင်္ဂလီထောင်နဲ့ချီ စစ်တွေရွာတွေကို ရောက်လာတယ်ဆိုပြီး ကောလာဟလသတင်းတွေ ထွက်ပေါ်လာတဲ့အတွက် အခုလို လူတွေစုဝေး ရောက်ရှိလာတာပါ။
အာဏာာပိုင်တွေက ဒီသတင်းဟာ ကောလာဟလလို့ရှင်းပြပြီး လူစုလူဝေးကို ခွဲဖို့ ဖြောင်းဖျပေမယ့် ဘယ်သူမှ မပြန်ကြသလို အာဏာပိုင်တွေကလည်း ဆက်ရှိနေဆဲပါ။
စစ်တွေမြို့မှာ ည ၇နာရီကျော်ကတည်းက လျှပ်စစ်မီးတွေပျက်တောက်နေပြီး ယခုတိုင် မလာသေးတာကြောင့်လည်း လူထုတွေက ပိုမို စိုးရိမ်နေကြပါတယ်။
ယခု ဖြစ်ပွားနေသည့်နေရာသို့ ရခိုင်ပြည်နယ် ရဲမှူးကြီးနဲ့တကွ ဒေသတာဝန်ရှိသူတွေ ရောက်ရှိနေပါတယ်။
ဘင်္ဂလီရွာတွေအနီး စစ်တွေတက္ကသိုလ်ရှိရာလမ်းမှာလည်း စစ်ကားတွေ၊ ရဲကားတွေ လုံခြုံရေးအပြည့်ချထားတာကို တွေ့ရပါတယ်။
===================
251 / End
၂၁ နိုဝင်ဘာ ၂၀၁၆ - ၁၉:၅၈
News ID: 793403