၂၇ နိုဝင်ဘာ ၂၀၁၆ - ၁၈:၂၆
အမျိုးသမီးရေးရာအနေဖြင့် လိင်အကြမ်းဖက်မှုများကိုကိုင်တွယ်ရာတွင် အားနည်းနေကြောင်း တိုင်းလွှတ်တော်အမတ်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ။ ။ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့အနေဖြင့် လိင်အကြမ်းဖက်မှုများနှင့် သက်ငယ်မဒိန်းမှုများကို ကိုင်တွယ်ရာတွင် အားနည်းနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ်ဖြစ်သူ တောင်ဒဂုံမဲဆန္ဒနယ်မှ ဦးညီညီက ပြောဆိုလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ နိုဝင်ဘာ ၂၇ ။  ။ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့အနေဖြင့် လိင်အကြမ်းဖက်မှုများနှင့် သက်ငယ်မဒိန်းမှုများကို ကိုင်တွယ်ရာတွင် အားနည်းနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ်ဖြစ်သူ တောင်ဒဂုံမဲဆန္ဒနယ်မှ ဦးညီညီက ပြောဆိုလိုက်သည်။

“အမျိုးသမီးရေးရာရှိတယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရှိတယ် အရင်တုန်းကလည်းရှိတယ် အခုလည်းရှိနေ သေးတယ် တာဝန်လုံးဝရှိတယ်လို့ ကျွန်တော်ပြောချင်တယ်။ အမျိုသမီးရေးရာတို့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးတို့ ကျွန်တော်မလုပ်ဘူးပြောတာမဟုတ်ဘူးနော်။ အားနည်းတယ် အဲ့ဒီ့အားနည်းမှုကို အားသာချက်နဲ့ပြောင်းလဲဖို့လိုပါပြီ" ဟု ဦးညီညီကပြောသည်။

နိုဝင်ဘာ ၁၇ ရက် ရန်ကုန်မြို့ ကန်တော်ကြီးရှိ မျှော်စင်ကျွန်းတွင်  ပြုလုပ်ခဲ့သည့် လိင်အကြမ်းဖက်မှုဆန့်ကျင်ရေးပွဲတွင်
မဇ္စျိမကမေးမြန်းစဉ် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လိင်အကြမ်းဖက်မှုဆန့်ကျင်ရေးပွဲတွင် “အမေချင်း၊ နှမချင်းစာနာပါ" လိင်အကြမ်းဖက်မှုပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး" စသည့် ဗီနိုင်းများကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့သည် အဖွဲ့အစည်း စည်းကမ်းများကြောင့် သက်ငယ် မဒိန်းမှုကဲ့သို့သော လိင်အကြမ်းဖက်မှုများကို ထိရောက်စွာ မကိုင်တွယ်နိုင်ခြင်းဖြစ်ပြီး အချို့ဥပဒေများကို လည်း ပြောင်း လဲသင့်ကြောင်း  တိုင်းလွှတ် တော်အမတ် ဦးညီညီကပြောသည်။

အဆိုပါပွဲကို ပရဟိတအဖွဲ့ပေါင်း ၁၀ ခုခန့်မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အနုပညာရှင်များ အမျိုးသမီးအဖွဲ့အစည်းများ အပါအ၀င် လိင်အကြမ်းဖက်မှုကို ဆန့်ကျင်လှုပ်ရှားသူများတတ်ရောက်ခဲ့သည်။

===================    
251 / End