၃၀ နိုဝင်ဘာ ၂၀၁၆ - ၁၉:၃၂
အစိမ်းရောင်စီးပွားရေးဆောင်ရွက်ရာတွင် စရိတ်ကုန်ကျမှုများသော စီမံကိန်းများ ရှောင်ရှားရန် သမ္မတပြော

အစိမ်းရောင် စီး ပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စရိတ်ကုန်ကျ မှု များပြားပြီး ရေရှည်တည်တံ့မှု မရှိ၊ ပြည်စုံမှုမရှိသည့် စီမံကိန်း များကို ရှောင်ရှားရမည်ဟု နိုင်ငံ တော်သမ္မတဦးထင်ကျော်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 အစိမ်းရောင် စီး ပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စရိတ်ကုန်ကျ မှု များပြားပြီး ရေရှည်တည်တံ့မှု မရှိ၊ ပြည်စုံမှုမရှိသည့် စီမံကိန်း များကို ရှောင်ရှားရမည်ဟု နိုင်ငံ တော်သမ္မတဦးထင်ကျော်က ပြောကြားသည်။

‘‘ဒီလိုဆောင်ရွက်တဲ့နေရာ မှာ စရိတ်ကုန်ကျမှု များပြားပြီး ရေရှည်တည်တံ့မှုမရှိတဲ့၊ ပြည်စုံမှု မရှိတဲ့ မူဝါဒတွေနဲ့ စီမံကိန်းတွေ ကို ရှောင်ရှားရမှာ ဖြစ်ပါတယ်’’ ဟု နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၂၉ ရက်တွင် ပြုလုပ်သည့်ပဉ္စမ အကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖို ရမ်၌ ပြောကြားသည်။

အစိမ်းရောင်စီးပွားရေး မူဝါ ဒနှင့် မူဘောင်သည် ရာသီဥတု ပြောင်းလဲမှု လုပ်ဆောင်ချက်များ နှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်း စစ်ခြင်းဆိုင်ရာ  လုပ်ထုံးလုပ်နည်း များအကြား ပေါင်းစပ်ပေးသည့် မူဘောင်တစ်ခုဖြစ်သည်။

ဆင်းရဲမှု လျော့ကျရန်နှင့် ငတ်မွတ်ခေါင်းပါးမှုကို တားဆီး ရန်၊ ကလေးသူငယ်များ အာဟာ ရချို့တဲ့မှု ပပျောက်စေရန်၊ ဘေး ကင်းလုံခြုံပြီး ကျန်းမာရေးနှင့် ညီ ညွတ်သည့် အလုပ်အကိုင်အခွင့် အလမ်း တိုးတက်စေရန်၊ အရည် အသွေးပြည့်မီသည့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပံ့ပိုး နိုင်ရန်၊ သဘာဝဘေးအန္တရာယ် များနှင့် အခြားသော ဦးစားပေး ကိစ္စရပ်များ လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ရန် လိုအပ်သည် ဟု ၎င်းကပြောသည်။

‘‘ကျွန်တော်တို့ အနေနဲ့ ဒီလို မျိုး ဦးစားပေးကိစ္စရပ်တွေ၊ စိန် ခေါ်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် အမျိုးသားစွမ်းဆောင်ရည်တွေ ကို မြှင့်တင်ဆောင်ရွက်ရမှာဖြစ် တယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးခြားတဲ့ ပြောင်းလဲမှုတွေကို ဦးတည်စေတဲ့ လမ်းကြောင်းနဲ့ ပေါင်းစည်း ဆောင်ရွက်ရမယ့် အခွင့်အလမ်းတွေ ဖော်ထုတ်သတ်မှတ်ပြီး ရရှိတဲ့အခွင့်အလမ်းတွေ အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်’’ဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြောကြားသည်။

ဖိုရမ်အစီအစဉ်တွင် အစိမ်း ရောင်စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင် ရန် မူဝါဒ၊ မဟာဗျူဟာ၊ ဘဏ္ဍာ ရေး၊ နည်းပညာ၊ အကောင်းဆုံး စီမံခန့်ခွဲမှု၊ ပညာရေး၊ စွမ်းဆောင် ရည်မြှင့်တင်ရေး၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

‘‘ကဏ္ဍအလိုက် သင့်လျော် တဲ့အဆိုပြုမှုတွေ၊ အသိပညာပိုင်း ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ဖို့ အ တွက် အစီအစဉ်တစ်ရပ်အနေနဲ့ အထောက်အကူဖြစ်စေပါတယ်’’ ဟု ဦးထင်ကျော်က ပြောသည်။

အစမ်းရောင်စီးပွားရေး ဆိုင် ရာမူဘောင်နှင့် စွန့်ပစ်ပစ္စည်းမီမံ မှုဆိုင်ရာ မဟာဗျူဟာလုပ်ငန်း စဉ်ကို နိုင်ငံတကာ အဖွဲ့အစည်း များနှင့်ပူးပေါင်းပြီး ရေးဆွဲဆောင် ရွက်လျက်ရှိကာ အစိမ်းရောင် စီးပွားရေး ကူးပြောင်းဆောင်ရွက် မှု နည်းလမ်းများတွင် စွမ်းအင်၊ ရေ၊ မြေနှင့် ဇီဝမျိုးစုံကွဲများကို ထိန်းသိမ်းခြင်းနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် တိုးမြှင့် ဆောင်ရွက်ခြင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံဆိုင်ရာ အပြုအမူ နှင့်   အလေ့အကျင့်ကောင်း ပြောင်းလဲခြင်းတို့ ပါဝင်သည်။

 သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးဌာနအနေဖြင့် ဆက်စပ်ဝန် ကြီးဌာနများနှင့် ပူးပေါင်းကာ အစိမ်းရောင်စီးပွားရေး မူဝါဒမူ ဘောင်ကို အကောင်အထည်ဖော် ဆောင်လျက်ရှိသည်။

ပဉ္စမအကြိမ်မြောက် အစိမ်း ရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (အကျိုးအမြတ်မယူသော) အသင်းတို့ ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်သည်။

===================    
251 / End