၄ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၀၄
တရုတ်ဝယ်လက်များ မလာရဲသေး၍ သစ်သီးဝလံ ရောင်းချမှုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားဟုဆို

တရုတ်နိုင်ငံမှ ကုန်သည် ၀ယ်လက်များ မြန်မာနိုင်ငံတွင်းသို့ မလာရဲသေးသဖြင့် မူဆယ် ၁၀၅ မိုင်တွင် သစ်သီးဝလံများ ပြန် လည်ရောင်းချမည့်ရက်ကို အ ကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရ ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရုတ်နိုင်ငံမှ ကုန်သည် ၀ယ်လက်များ မြန်မာနိုင်ငံတွင်းသို့ မလာရဲသေးသဖြင့် မူဆယ် ၁၀၅ မိုင်တွင် သစ်သီးဝလံများ ပြန် လည်ရောင်းချမည့်ရက်ကို အ ကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရ ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များအ တွင်း နိုဝင်ဘာ ၂၀ ရက် နံနက်က စတင်ဖြစ်ပွားသည့် တိုက်ပွဲများ ကြောင့် မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်တွင် ကုန်သွယ်ရေး လုပ်ငန်းများရပ်ဆိုင်းခဲ့ရ၍ သစ် သီးဝလံများကို တရုတ်နိုင်ငံ ၀မ် တိန်နှင့် ကျယ်ဂေါင်မြို့များသို့ သွားရောက်ရောင်းချခဲ့ရသည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်လုပ်ငန်းများကို နိုဝင်ဘာ ၂၉ ရက်ကတည်းက ပုံမှန်စတင်နေပြီး သစ်သီးဝလံများကိုလည်း ၁၀၅ မိုင်၌ ဒီဇင်ဘာ ၁ ရက်တွင် ပြန် လည်ရောင်းချရန် စီစဉ်ထားသော် လည်း လက်ရှိအချိန်အထိ ရောင်း ချနိုင်ခြင်းမရှိသေးပေ။

ထို့ကြောင့် မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်တာဝန်ရှိ သူများက ၀မ်တိန်မြို့တွင် ၀မ် တိန် ကုန်စည်ဒိုင်တာဝန်ရှိသူများ၊ သစ်သီးဝလံ ကုန်သည်များနှင့် ဒီဇင်ဘာ ၁ ရက်က တွေ့ဆုံခဲ့ ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီး ၀လံကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က ပြောသည်။ တရုတ်ဘက်က မူဆယ်သို့ လာ ရောက်ဝယ်ယူရန် လက်မခံသေး သဖြင့် မူဆယ် ၁၀၅ မိုင်တွင် သစ် သီးဝလံများ ရောင်းချမည့် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းထားရ ကြောင်း ၎င်းက ပြောသည်။

‘‘ပြန်စမလို့ လုပ်တာနဲ့ကို အဲဒီရက်ပိုင်း မူဆယ်မှာ ဗုံးကွဲတာ နဲ့ ဟိုဘက်မှာ နည်းနည်းပါးပါး စစ်ရေးလှုပ်ရှားမှုတွေရှိနေသေး တော့ တရုတ်တွေက သူတို့ရဲ့ လုံ ခြုံရေးနဲ့ပတ်သက်ပြီး ယူနန်ပြည် နယ်အစိုးရက ညွှန်ကြားထားတာ ရှိတယ်။ လောလောဆယ်ထွက် လို့ မရသေးဘူးလို့ ပြောတယ်။ တရုတ်တွေ ဒီဘက်လာဖို့ လုံးဝ ပိတ်ပင်ထားတာ မဟုတ်ပေမယ့် လုံခြုံရေးအရ သတိပေးချက်ထုတ် ထားတာမျိုးပေါ့။ အဲဒီတော့ အ ခြေအနေကို သုံးသပ်ပြီး မူဆယ် မှာ ပြန်ရောင်းဖို့ ကိစ္စ နောက်ဆုတ် လိုက်တာ’’ဟု ဦးစိုင်းခင်မောင်က ပြောသည်။

လက်ရှိတွင် ၀မ်တိန်မြို့၌ ဖရဲ၊ သခွားများကို သွားရောက် ရောင်းချနေပြီး လမ်းကြောင်းအ ခြေအနေကောင်းလာပြီဖြစ်သော် လည်း တပ်ပိုင်းထိတွေ့မှုများဖြစ် လာလျှင် ရပ်တန့်စောင့်ဆိုင်းရ သည်ဟု ဆိုသည်။

 ‘‘မူဆယ်မှာ ပြန်လုပ်ဖို့က နောက် ဆယ်ရက် နောက်ပိုင်း လောက်မှ ဖြစ်သွားမှာ။ ဒီ ၁၀ ရက်အတွင်းက ကျွန်တော်ထင် တာ မသေချာသေးဘူး။ ရက်အ တိအကျတော့လည်း ကျွန်တော် တို့က ဘယ်လိုမှ မသတ်မှတ်နိုင် သေးဘူး’’ဟု ဦးစိုင်းခင်မောင်က ပြောသည်။

တရုတ်ဘက်သို့ သွားရောင်း နေရသည့်အပြင် ကားငှားခဈေး တက်မှုကြောင့် သယ်ယူပို့ဆောင် စရိတ် ပိုကုန်ကျနေသော်လည်း အသီးများပျက်စီးပြီး အရှုံးပေါ် မည်စိုး၍  သွားရောင်းနေရပြီး တရုတ်ဘက်က ၀ယ်လိုအား ကောင်းနေ၍ ဈေးကောင်းရနေ သေးကြောင်း ဖရဲစိုက်ပျိုးသူ တစ်ဦးက ပြောသည်။

ဝမ်တိန်တွင် ဖရဲသီးပေါက် ဈေးများမှာ ဒီဇင်ဘာ ၃ ရက်က 855 မျိုးမှာ တစ်ကီလိုလျှင် ၃ ယွမ်မှ ၃ ဒသမ ၈ ယွမ်၊ ထိုင်ဝမ် ဖရဲသီးမှာ တစ်ကီလို ၄ ယွမ်မှ ၅ ဒသမ ၅ ယွမ်၊ အစေ့မဲ့ ဖရဲမှာ ၅ ယွမ်မှ ၆ ယွမ်ဈေးရှိကြောင်း ခွာ ညိုသစ်သီးဝလံပွဲရုံမှ သတင်းရရှိ သည်။ သခွားဈေးများမှာ ရွှေသ ခွားတစ်ကီလိုလျှင် ၃ ယွမ်မှ ၄ ဒသမ ၂ ယွမ်၊ ဖရဲသခွား တစ်ကီ လိုလျှင် ၃ ဒသမ ၅ ယွမ်မှ ၄ ဒသမ ၅ ယွမ်၊ ၀ူခုံသခွားမှာ တစ် ကီလိုလျှင် ၄ ယွမ်မှ ၆ ဒသမ ၅ ယွမ်နှင့် ပိုက်သခွားမှာ ၃ ယွမ်မှ ၃ ဒသမ ၅ ယွမ်ဈေးရှိသည်။

===================    
251 / End