အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်လေးခုရှိ မြို့နယ် ၁၈ မြို့နယ်တွင် ကျပ်သန်း ၆၀,၀၀၀ ကျော်(၆၃,၁၃၉ ဒသမ ၆၅၇)ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
ဒီဇင်ဘာ ၇ ရက်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအ စည်းအဝေးခန်းမ(၂)တွင် သတင်း စာရှင်းလင်းပွဲပြုလုပ်စဉ် ဝန်ကြီး က အထက်ပါအတိုင်းပြောကြား ခဲ့သည်။ ရေဘေးကြောင့် မြို့နယ် ၁၈ မြို့နယ်မှ ရပ်ကွက် ၇၄ ခု၊ ကျေးရွာအုပ်စု ၅၀၇ စု၊ အိမ်ထောင်စု ၁၁၉,၈၃၂ စု၊ လူဦးရေ ၄၈၅,၂၆၅ ဦး ရေဘေးရင်ဆိုင် ခဲ့ရသည်။
‘‘ရှိပြီးသား ဆိုင်ကလုန်း ရှယ်လ်တာတွေကိုလည်း ပြန် လည်ပြုပြင်တဲ့ လုပ်ငန်းတွေ၊ အ သစ်တွေ ဆောက်နိုင်ဖို့အတွက် လည်း ကြိုးစားနေပါတယ်။ နောက်တစ်ခုက ဧရာဝတီတိုင်းမှာ ကျတော့ စာသင်ကျောင်းတွေကို ခြေတံရှည်ပုံစံမျိုးနဲ့ ဆောက်လိုက် မယ်ဆိုလို့ရှိရင် ရေဘေးဖြစ်တဲ့ အခါ ရှယ်လ်တာအနေနဲ့သုံးစွဲလို့ ရမယ့်အပိုင်းတွေပါ။ ကျွန်တော် တို့ စဉ်းစားပြီးဆောင်ရွက်နေပါ တယ်’’ ဟု ဝန်ကြီးဦးဝင်းဌေးက ပြောသည်။
ရေဘေးကြောင့် ခရိုင်လေးခု တွင် ပျက်စီးပြိုကျခဲ့သည့် အိမ်အလုံးရေ ၁,၈၀၄ လုံး၊ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၆၂ ကျောင်း၊ တိုက်နယ် ဆေးရုံနှစ်ရုံ၊ ကျေးလက်ကျန်းမာရေးဆေးခန်း ၂၁ ခန်းတို့ပျက်စီးခဲ့သည်။
ထို့အပြင် ရေဘေးကြောင့် စေတီပုထိုး တစ်ဆူ၊ ဘုန်းကြီးကျောင်း ၁၅ ကျောင်း၊ ဆည်နှင့်တာတမံ ၁၅၀၊ တံတားပေါင်း ၂၂ စင်းနှင့် စုစုပေါင်းလမ်းအရှည် မိုင် ၅၀ ခန့်ပျက်စီးခဲ့သည်။ ယင်းအပြင် လယ်ဧကပေါင်း ၁၄၀,၀၆၂ ဧက၊ သီးနှံများစိုက်ပျိုးထားသည့် မြေဧကပေါင်း ၇၀,၃၁၉ ဒသမ ၅ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှတ်တမ်း များအရ သိရသည်။
အစိုးရအဖွဲ့၏ရေဘေးမှတ် တမ်းတွင် ရေဘေးကြောင့်လူသေ ဆုံးမှုမရှိသော်လည်း ကျွဲနွား ၁၉ ကောင်၊ ကြက်၊ ဘဲ၊ ဝက်နှင့် ဆိတ်အကောင်ရေ ၂၈,၉၆၁ သေဆုံးခဲ့ ကြောင်း သိရသည်။ ထို့အပြင် ငါးမွေးမြူရေး လုပ်ငန်းပေါင်း ၁၁,၆၇၁ ကျော်ပျက်စီးခဲ့ကြောင်း လည်း သိရသည်။
‘‘ရေမကြီးခင်၊ တာတွေမကျိုးခင်မှာ သဲတွေ၊ အိတ်တွေ၊ ကြို တင်စုဆောင်းတာမျိုးတွေလည်း လုပ်သွားမယ်။ ရေဘေးကြောင့် ဖြစ်သွားခဲ့တဲ့ လမ်းတွေ၊ တာတမံ တွေနဲ့ ပတ်သက်ပြီးတော့လည်း ခိုင်မာတောင့်တင်းအောင် ပြင် ဆင်မှုတွေ ဆောင်ရွက်နေပါ တယ်’’ ဟု ဝန်ကြီးဦးဝင်းဌေးက ပြောသည်။
ရေဘေး ရင်ဆိုင်ရစဉ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ အလှူရှင်များက လာရောက်လှူ ဒါန်းငွေ ကျပ်သိန်း ၅,၀၀၀ ကျော် (၅၂၈,၉၈၉,၂၂၄) ကျပ်နှင့် အမေ ရိကန်ဒေါ်လာ ၂၁,၅၀၀ ရှိသည်။
ယင်းလှူဒါန်းငွေများထဲမှ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ရ သည့် ဒေသများသို့ ကျပ်သိန်း ၁,၅၀၀ ကျော် (၁၅၀,၃၄၂,၉၀၀)အား လှူဒါန်းနိုင်ခဲ့ပြီး အစိုးရအဖွဲ့ တွင် လက်ကျန်ငွေ ၃၇၈,၆၄၆,၃၂၄ ကျပ်နှင့် အမေရိကန် ဒေါ်လာ ၂၁,၅၀၀ ကျန်ရှိသည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရေဘေးမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါငွေများကို ပုဂ္ဂလိက ဘဏ်တစ်ခုတွင် သဘာဝဘေး တားဆီးကာကွယ်ရေး ရန်ပုံငွေ ခေါင်းစဉ်ဖြင့် အပ်နှံထားပြီး တိုင်း အတွင်း ဖြစ်ပေါ်လာမည့်သဘာဝ ဘေးများအတွက် အဆိုပါရန်ပုံငွေ မှ ပံ့ပိုးမှုများဆောင်ရွက်ရန် စီမံ ထားကြောင်း ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သိရသည်။
===================
251 / End
ရေဘေးကြောင့် ဧရာဝတီတိုင်းအတွင်း ကျပ်သန်းခြောက်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်းအစိုးရထုတ်ပြန်
၉ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၂၁
News ID: 797125
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်လေးခုရှိ မြို့နယ် ၁၈ မြို့နယ်တွင် ကျပ်သန်း ၆၀,၀၀၀ ကျော်(၆၃,၁၃၉ ဒသမ ၆၅၇)ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။