၁၁ ဒီဇင်ဘာ ၂၀၁၆ - ၂၀:၂၉
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ပဋိပက္ခများအပေါ် အမေရိကန်သံရုံးမှ စိုးရိမ်ပူပန်

ပဋိပက္ခဖြစ်ပွားနေသော အရပ်ဒေသများ ဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အကြမ်းဖက်မှုများ အရှိန်မြင့်တက်နေကြောင်း၊ အရပ်သားများအပေါ် မတော်မတရား ပြုလုပ်နေမှု သတင်းများကြောင့် အမေရိကန်သံရုံးအနေဖြင့် များစွာစိုးရိမ်မှုဖြစ်နေကြောင်း ယနေ့ ဒီဇင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပဋိပက္ခဖြစ်ပွားနေသော အရပ်ဒေသများ ဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အကြမ်းဖက်မှုများ အရှိန်မြင့်တက်နေကြောင်း၊ အရပ်သားများအပေါ် မတော်မတရား ပြုလုပ်နေမှု သတင်းများကြောင့်  အမေရိကန်သံရုံးအနေဖြင့် များစွာစိုးရိမ်မှုဖြစ်နေကြောင်း ယနေ့ ဒီဇင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်း ပဋိပက္ခကြောင့် ဒုက္ခရောက်သူများအား လူသားချင်းစာနာထောက်ထားရေးအကူအညီများ အဟန့်အတားမရှိ ရနိုင်ရေးအား တောင်းဆိုခဲ့ပြီး ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများဟာ ထောင်နဲ့ ချီတဲ့ ဒုက္ခသည်တွေကို နေအိမ်များမှ စွန့်ခွာထွက်ပြးနေစေပါတယ် ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါ ရန်လိုမှုများ အမြန်ဆုံးရပ်စဲရန် ပါဝင်ပတ်သက်ကြသူအားလုံးအား တိုက်တွန်းလိုပါသည်ဟု ပါရှိသည်။

===================    
251 / End