၁၃ ဒီဇင်ဘာ ၂၀၁၆ - ၁၇:၀၅
မြန်မာနိုင်ငံက မည်သည့်အကူအညီအမျိုးအစား လက်ခံရရှိလိုကြောင်း တင်ပြမည်

ဖွံ့ဖြိုးမှုအကူအညီဆိုင် ရာ အမျိုးသားအဆင့် မူဝါဒတစ် ရပ် ရေးဆွဲမည်ဖြစ်ပြီး မိမိတို့နိုင်ငံက မည်သည့်အကူအညီ အမျိုးအစား လက်ခံရရှိလိုကြောင်း တင်ပြမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖွံ့ဖြိုးမှုအကူအညီဆိုင် ရာ အမျိုးသားအဆင့် မူဝါဒတစ် ရပ် ရေးဆွဲမည်ဖြစ်ပြီး မိမိတို့နိုင်ငံက မည်သည့်အကူအညီ အမျိုးအစား လက်ခံရရှိလိုကြောင်း တင်ပြမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


ဖွံ့ဖြိုးမှုအကူအညီများ ညှိ နှိုင်းရေးအဖွဲ့ (DACU) နှင့် ပူး ပေါင်းဆောင်ရွက်ရေး မိတ်ဖက် များအဖွဲ့ (CPG) တို့၏ ပထမဆုံး အကြိမ် အစည်းအဝေးကို ယမန် နေ့က နေပြည်တော်ရှိစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့ရာ ဖွံ့ဖြိုးမှုအကူအညီ များ ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ဖွံ့ဖြိုးမှုအကူအညီများဆိုင် ရာ အမျိုးသားအဆင့် မူဝါဒ ရေး ဆွဲရာတွင် DACU က သက်ဆိုင် ရာဝန်ကြီးဌာနများ ဖွံ့ဖြိုးမှုမိတ် ဖက်နိုင်ငံများနှင့် အနီးကပ်တိုင် ပင်ဆွေးနွေးပြီး၊ နိုင်ငံတကာတွင် ကျင့်သုံးနေသော အကောင်းဆုံး စံနှုန်းများဖြင့် မူဝါဒရေးဆွဲမည် လည်း ဆိုသည်။ သို့သော်ထိုသို့ရေးဆွဲရာတွင် မြန်မာနိုင်ငံ၏ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားပြီး အခြေခံမည်ဟု ၎င်းကဆက်လက်ပြောသည်။

အစည်းအဝေးသို့ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော် ၀င်းအပါအ၀င် ပြည်ထောင်စုဝန် ကြီး ခြောက်ဦးနှင့် ဌာနဆိုင်ရာ အ ကြီးအကဲများ၊ ပူးပေါင်းဆောင် ရွက်ရေး မိတ်ဖက်အဖွဲ့များမှကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ယနေ့အချိန်တွင် အခြားဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားတွင် ဖွံ့ဖြိုးမှု အကူအညီများကို ယုံကြည်မှုကင်း မဲ့သော သံသယဖြင့် ရှုမြင်နေကြ ပြီး မြန်မာနိုင်ငံတွင်မူ အလားတူ အခြေအနေမျိုး ရှောင်ရှားနိုင်မည် ဟု ယုံကြည်ကြောင်းပြောသည်။

အကူအညီများအတွက် ဦး စားပေးလုပ်ငန်းသတ်မှတ်ရန် အ မျိုးသားဖွံ့ဖြိုးမှု ဦးစားပေးလုပ်ငန်း များကို ပထမအဆင့် သတ်မှတ် ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လာမည့်လများအတွင်း အစိုးရ၏ စီးပွားရေးမူဝါဒ ၁၂ ချက်အပေါ် အခြေခံပြီး ၀န်ကြီးဌာနများအ တွင်း ညှိနှိုင်းဆောင်ရွက်ကာ အ မျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဦးစားပေးစီမံကိန်းများနှင့် အစီအစဉ်များ သတ်မှတ်မည်ဖြစ် ကြောင်းလည်း ပြောကြားသည်။

အရေးကြီးကိစ္စများတွင် အ တိုင်ပင်ခံများ၏ အခန်းကဏ္ဍ ပါ ၀င်ပြီး ၀န်ကြီးဌာနများက အတိုင် ပင်ခံများကို လိုအပ်ချိန်မှသာ ငှား ရမ်းပြီးကုန်ကျစရိတ်နှင့် လျော်ညီ အောင် အကျိုးရှိရှိအသုံးချမည်ဟု မျှော်လင့်သည်ဟုလည်း ပြော သည်။

ထို့အပြင် ဖွံ့ဖြိုးမှုမိတ်ဖက် များသည် ခွင့်ပြုထားသောနယ် မြေများအတွင်း ခွင့်ပြုချက်တောင်း ခံရန်မလိုဘဲ သွားရောက် လည် ပတ်နိုင်ပြီး ခွင့်ပြုသောအကူအ ညီများအပေါ် အခွန်ကိစ္စရပ်များ နှင့်ပတ်သက်၍လည်း သဘောတူ ညီမှုရှိကြောင်း ၎င်းကပြောသည်။

အဆိုပါ DACU အဖွဲ့ကို နိုင်ငံတကာကပေးအပ်သော အကူ အညီများအသုံးပြုရာတွင် ပြည် သူများထိရောက်စွာ အကျိုးရှိစေ ရန် မြန်မာနိုင်ငံနှင့် မိတ်ဖက်အဖွဲ့အစည်းများ အချင်းချင်းညှိနှိုင်းခြင်း၊ ဖွံ့ဖြိုးမှုအကူအညီများရယူခြင်းနှင့် အသုံးပြုခြင်းတို့ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး ထိရောက်စွာနှင့် တာဝန်ခံမှုရှိအောင်ဆောင်ရွက်နိုင်ရန် အောက်တိုဘာ ၆ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

===================    
251 / End