အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ နေပြည်တော်နေအိမ်၌ ကရင်တိုင်းရင်းသားအမတ်များ က ဒီဇင်ဘာ ၁၄ ရက်ညတွင် ကရင်နှစ်သစ်ကူး အကြိုဂုဏ်ပြုတေး သွားရောက်သီဆိုခဲ့ကြသည်။
စကောကရင်၊ ပိုးကရင်နှင့် အနောက်ပိုးကရင်ဘာသာစကား များဖြင့် သီဆိုသော နှစ်သစ်ကူး သီချင်းကို ဒေါ်အောင်ဆန်းစု ကြည်ပါ ပါဝင်သီဆိုခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
‘‘အစီအစဉ်မရှိဘဲ ရုတ်တ ရက်သွားဖြစ်တာ’’ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မိခင် ဒေါ်ခင်ကြည်ဘက်မှ ကရင်သွေးပါသူဖြစ်သည်။
အဆိုပါဂုဏ်ပြုပွဲသို့ ဒီချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ပါ ဝင်ရောက်ဆင်နွှဲခဲ့ကြသည်။
ယခုနှစ် ကရင်နှစ်သစ်ကူးနေ့သည် ဒီဇင်ဘာ ၂၉ ရက်တွင် ကျရောက်မည်ဖြစ်သည်။
===================
251 / End
၁၅ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၀၁
News ID: 798421
နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ နေပြည်တော်နေအိမ်၌ ကရင်တိုင်းရင်းသားအမတ်များ က ဒီဇင်ဘာ ၁၄ ရက်ညတွင် ကရင်နှစ်သစ်ကူး အကြိုဂုဏ်ပြုတေး သွားရောက်သီဆိုခဲ့ကြသည်။