၁၈ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၅၀
ကျပ်သိန်းတစ်သောင်းရှစ်ထောင်ရှစ်ရာကျော်ခန့်တန်ဖိုးရှိ ကက်တမင်းမူးယစ်ဆေးဝါးများ မြိတ်ကျွန်းစုတွင် ဖမ်းဆီးရမိ

မြိတ်၊ ဒီဇင်ဘာ ၁၈ ။ ။ ကျပ်သိန်းပေါင်း တစ်သောင်း ရှစ်ထောင် ရှစ်ရာကျော်တန်ဖိုးရှိ ကက်တမင်း မူးယစ်ဆေးဝါးများကို မြိတ်ကျွန်းစုအတွင်း ဘုတ်ပြင်းမြို့နယ်ရှိ အနောက်စူဠာကျွန်းအနီးတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ် တပ်မတော်ရေက ဒီဇင်ဘာ ၁၆ ရက် တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြိတ်၊ ဒီဇင်ဘာ ၁၈ ။     ။ ကျပ်သိန်းပေါင်း တစ်သောင်း ရှစ်ထောင် ရှစ်ရာကျော်တန်ဖိုးရှိ ကက်တမင်း မူးယစ်ဆေးဝါးများကို မြိတ်ကျွန်းစုအတွင်း ဘုတ်ပြင်းမြို့နယ်ရှိ အနောက်စူဠာကျွန်းအနီးတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ် တပ်မတော်ရေက ဒီဇင်ဘာ ၁၆ ရက် တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ကျေးဇူးတော်(၁၂)အမည်ရှိ စိမ်ပိုက်ငါးဖမ်းစက်လှေတို့ကို မြိတ်မြို့မရဲ စ ခန်းသို့ ဒီဇင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲခန့်တွင် လွဲပြောင်းပေးအပ်ခဲ့ကာ မူးယစ်ဆေးများကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ( ketamine ) မူးယစ်ဆေးဟု သတ်မှတ်ခဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများသည် ၁ ကီလိုလျှင် ငွေကျပ် သိန်း (၂၀) တန်ဖိုးရှိကြောင်း၊ စုစု ပေါင်းတန်ဖိုး အားဖြင့် အထုပ် ပေါင်း (၉၄၀) ထုပ် ၊ ကျပ်သိန်းပေါင်း တစ်သောင်း ရှစ်ထောင် ရှစ်ရာကျော်ခန့်မှန်းကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးက ဓာတ်ခွဲစမ်းသပ်ချက်အဖြေအရ မီဒီယာများသို့ပြောကြားခဲ့သည်။

အဆိုပါ ကက်တမင်းမူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့် လှေပေါ်မှ ဖမ်းမိ တရားခံ(၁၁)ဦးကို စစ်ဆေးချက် အ ရဖမ်းမိလှေနှင့် ပစ္စည်းများပိုင်ရှင်မှာ ဖျာပုံမြို့နယ်မှ ဦးကျော်မြင့်(ခ)ခိုင်ထွန်းဖြစ်ကြောင်းသိရပြီး တစ်ဖက်နိုင်ငံမှ ပစ္စည်း များ လာရောက်သယ်ယူမည့် လှေနှင့်ချိတ်ဆက်ကာ ပို့ဆောင်ရန် မောင်းနှင်လာစဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်ဟု တပ်မတော်ရေမှ တာဝန်ရှိသူက ပြောကြားသည်။

ကက်တမင်း အထုပ်တစ်ထုပ်လျှင် (၁)ကီလိုဂရမ်ခန့်အလေးချိန်ရှိကာ TIG GUAN YIN နှင့် China tea စာတန်းများ ပါရှိ ကာ ပလတ်စတစ်အိတ်များဖြင့်ထုပ်ပိုးထားပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် ကြားခံ ကုန်ကြမ်း အဖြစ် အသုံးပြုသည့် စိတ်ငြိမ်ဆေးတစ်မျိုးဖြစ်ကြောင်း မြိတ်ခရိုင်မှူးယစ်အထူးတပ်ဖွဲ့ တပ်ဖွဲ့ စုမှူး ဒုရဲမှူးမျိုးသန့်ကပြောကြားသည်။

လက်ရှိတွင် ကက်တမင်း မူးယစ်ဆေးဝါးများနှင့်တကွ ဖမ်းဆီးရမိသူများကို မယ(ပ)၁၈၈/၂၀၁၆ မူးစိတ်ပုဒ်မ ၁၅ /၁၉ (က)/၂၀(က)/၂၁ တနင်္သာရီရေတပ်စခန်းဌာနချုပ် ကျွန်းစုမြို့နယ်က တရားလိုပြုလုပ်၍ မြိတ်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

===================    
251 / End