၂၂ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၃၁
ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲအဖွဲ့တွင် ပါဝင်မည့် ကိုယ်စားလှယ်ကိစ္စ တိုင်းရင်းသားအဖွဲ့များအကြား ညှိနှိုင်းမရသေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့တွင် ပါဝင်မည့် ကိုယ်စားလှယ်ကိစ္စကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား ညှိနှိုင်းမရသေးကြောင်း သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့တွင် ပါဝင်မည့် ကိုယ်စားလှယ်ကိစ္စကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား ညှိနှိုင်းမရသေးကြောင်း သတင်းရရှိ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင် ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဒီဇင်ဘာ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့ ပြီး အဆိုပါပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို အစိုးရကိုယ်စားလှယ်ရှစ်ဦးနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ကိုယ်စားလှယ်ရှစ် ဦး၊ စုစုပေါင်း ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ သည်။


အဆိုပါ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့တွင် ပါဝင်မည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များအဖြစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရှစ်ဖွဲ့မှ ကိုယ်စားလှယ်လေးဦး၊ NCA မထိုးရသေး သည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော UNFC ၏ DPN မှ ကိုယ်စားလှယ်နှစ်ဦး၊ ‘ဝ’နှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့များမှ တစ်ဦးစီ သတ်မှတ်မှုအပေါ် ပြန်လည် ညှိနှိုင်းရမည်ဟု UNFC ကိုယ်စား လှယ် ဦးထွန်းဇော်ကဆိုသည်။

‘‘ကျွန်တော်တို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ဘက်မှာ ကိုယ်စားလှယ်ဦးရေနဲ့ ပတ်သက်ပြီးတော့ တန်းတူရေးကို အခြေခံပြီးတော့ ပါဝင်မှုအနေအ ထား ပြန်ညှိနှိုင်းနေရဆဲဖြစ်ပါ တယ်။ ကျွန်တော်တို့ UNFC ရဲ့ DPN ဘက်က တင်ပြတာကတော့ ဒီအစည်းအဝေးမတိုင်မီကတည်း က အဆိုပြုခဲ့တယ်။ လက်မှတ် ရေးထိုးထားတဲ့အဖွဲ့က သုံးဦး၊ DPN က သုံးဦး၊ မြောက်ပိုင်းအင် အားစုတွေက နှစ်ဦးဆိုရင် ၃+၃+၂ ရှစ်ဦးနဲ့ ဖွဲ့ရအောင်ဆိုပြီး အဆိုပြုထားတယ်။ လက်မှတ်ထိုး ထားတဲ့ ညီနောင်ရှစ်ဖွဲ့ကတော့ ဒါကိုသဘောမတူဘူး’’ဟု ဦးထွန်းဇော်ကပြောသည်။

ဆက်လက်၍ ၎င်းက ‘‘မနေ့ က အစည်းအဝေးမှာကျတော့ နိုင်ငံတော်အတိုင်ပင်ခံဘက်က ဒါတိုင်းရင်းသားတွေ ကြားထဲမှာ ဆက်ပြီးတော့ ညှိနှိုင်းဖို့ သဘော ထားပဲ ပေးတယ်။ ကျွန်တော်တို့ ဒီကိုယ်စားလှယ်အရေအတွက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေ ကြား ထဲမှာ အခုတော့ ဆက်ညှိနေပါ သေးတယ်။ ၃+၃+၂ ပုံစံမျိုးဖြစ်ဖို့ ကျွန်တော်တို့ UNFC ဘက်က DPN ဘက်က လိုလားတယ်’’ဟု ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ အစည်းအဝေးကို ယခုဒီဇင် ဘာလကုန်တွင် ကျင်းပရန် စီစဉ် နေကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးဆိုင်ရာ ရန်ပုံ ငွေညှိနှိုင်းဆောင်ရွက်ရေး ပူးတွဲ အဖွဲ့ (JCB)အနေဖြင့် ငြိမ်းချမ်း ရေးရန်ပုံငွေများကို ဦးစားပေး အသုံးပြုမည့် ကဏ္ဍလေးရပ် ချ မှတ်ခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန် ပုံငွေခွဲဝေသုံးစွဲရန် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိ နှိုင်းဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်း ရေး အထောက်အကူပြုဖွံ့ဖြိုးရေး ကဏ္ဍနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနဆိုင်ရာ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကဏ္ဍ စသည်ဖြင့် ဦးစားပေး ကဏ္ဍကြီးလေးရပ် သတ်မှတ်ဆောင်ရွက်ရန် အစည်းအဝေးက သဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဒီဇင်ဘာ ၂၀ ရက်က သတင်းထုတ်ပြန်သည်။

 ဒီဇင်ဘာ ၂၀ ရက်က နေ ပြည်တော်၌ ကျင်းပသည့် JCB အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန် ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုး သားလွှတ်တော်၊ တိုင်းရင်းသား ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ရှီလာ နန်တောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်းတို့ တက်ရောက်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထား ပြီးဖြစ်သော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ ကိုယ် စား KNU အထွေထွေအတွင်းရေး မှူး ဖဒိုစောကွယ်ထူးဝင်း၊ PNLOဦးဆောင်နာယက ခွန်ဥက္ကာ၊ RCSS-SSA မှ စိုင်းလျန်း၊ CNF အထွေထွေအတွင်းရေးမှူး ဆလိုင်း ထလာဟေး၊ ABSDF ဒုတိယ ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကိုယ်စား UNFC ကိုယ်စား လှယ်အဖွဲ့ DPN အဖွဲ့ဝင် နိုင် အောင်မငေးနှင့် ဦးထွန်းဇော်၊ NMSP မှ နိုင်ဗညားမွန်၊ ‘ဝ’လက် နက်ကိုင်အဖွဲ့ UWSA မှ ပြင်ပ ဆက်ဆံရေးဌာနမှူး ဦးစံလော့နှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ NDAA မှ ဦးခမ်းမောင်တို့ တက် ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။

===================    
251 / End