အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် ၊ ဒီဇင်ဘာ ၂၄ ။ ။ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများ အပေါ် ထိလွယ်ရှလွယ်အနေအထားဖြစ်ခြင်းကြောင့် မူဝါဒကို သတိထားဆောင်ရွက်နေရပြီး နှစ်ဘက်စလုံးကို မျှမျှတတဖြစ်အောင် ဆောင်ရွက်နေကြောင်း ဦးညီပုက ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒီဇင်ဘာလ ၂၃ရက်၊ စစ်တွေမြို့မှာ မီဒီယာအဖွဲ့နှင့်တွေ့ဆုံစဉ် မဇ္ဈိမ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မူဝါဒ ချမှတ်ဆောင်ရွက်နေကြောင်း ၊ ထိလွယ်ရှလွယ်အနေအထားဖြစ်ခြင်းကြောင့် မူဝါဒကို သတိထားဆောင်ရွက်နေရပြီး နှစ်ဘက်စလုံးကို မျှမျှတတဖြစ်အောင် ဆောင်ရွက်နေကြောင်း ဦးညီပုက ပြောဆိုခဲ့သည်။
ထို့ပြင် ပြည်နယ်၏ ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်သွားမည့်အကြောင်းကိုလည်း ရခိုင်ဝန်ကြီးချုပ်က "ဖွံ့ဖြိုးရေးကို ပိုပြီးတော့ အလေးထားဆောင်ရွက်သွားမယ်။ ဖွံ့ဖြိုးရေးကိစ္စတွေ အောင်မြင် လာတာနဲ့အမျှ ပြည်နယ်အတွင်းမှာ တည်ငြိမ်အေးချမ်းမှုရှိပြီးတော့ ပဋိပက္ခတွေဟာလည်းပဲ တဖြည်းဖြည်းနဲ့ ပြေပျောက်သွားနိုင်ပါတယ်" ဟု ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ရခိုင်ပြည်နယ်အရေး တွေ့ဆုံစဉ် အစိုးရအနေဖြင့် အထူး အလေးထား ဂရုစိုက်ကိုင်တွယ်ရမည့် ကိစ္စဖြစ်ပြီး အချိန်ယူဖြေရှင်းရမည့်ကိစ္စတစ်ခုဟု ပြောထားသည်။
အောက်တိုဘာလ ၉ ရက်၊ ရဲစခန်းများ တိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီး ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်းနှစ်ခုကြား ယုံကြည်မှုလျော့ကျလာခဲ့ပြီး အဆိုပါနယ်မြေများကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။ ယင်းပဋိပက္ခများအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းရေးကော်မရှင်ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင်ဖွဲ့စည်းပြီး ဒီဇင်ဘာလအတွင်း ဖြစ်ပွားရာဒေသများသို့ သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
===================
251 / End
ထိလွယ်ရှလွယ်အနေအထားကြောင့် နှစ်ဘက်လုံးကို မျှမျှတတဖြစ်အောင် ဆောင်ရွက်နေ ဟု ရခိုင်ဝန်ကြီးချုပ်ပြောဆို
၂၄ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၃၀
News ID: 800486
ရန်ကုန် ၊ ဒီဇင်ဘာ ၂၄ ။ ။ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများ အပေါ် ထိလွယ်ရှလွယ်အနေအထားဖြစ်ခြင်းကြောင့် မူဝါဒကို သတိထားဆောင်ရွက်နေရပြီး နှစ်ဘက်စလုံးကို မျှမျှတတဖြစ်အောင် ဆောင်ရွက်နေကြောင်း ဦးညီပုက ပြောဆိုခဲ့သည်။