အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အ တွင်းရှိ ကျေးရွာတစ်ရွာတွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် ကလေးငယ်လေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၄ ရက် နံနက်က လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအနီး နမ့်ဖလွန်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
‘‘နမ့်ဖလွန်ဆိုတော့ လမ်းမကြီးနဲ့ နီးတာပေါ့ဗျာ။ လမ်း မကြီးတည့်တည့်တော့မဟုတ်ဘူး။ အဲဒီနေရာမှာ အပြန် အလှန်ပစ်ကြတာပေါ့ဗျာ။ တိုက်ပွဲကြားထဲ ရောက်သွားတာ ပေါ့’’ဟု ၎င်းက ရှင်းပြသည်။ကွတ်ခိုင်မြို့နယ် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းက ဒဏ်ရာ ရလူနာများကို လားရှိုးမြို့ဆေးရုံ သို့ ပို့ဆောင်ခဲ့ပြီး ကလေးငယ်တစ် ဦး ဒဏ်ရာပြင်းထန်ကြောင်း အဆိုပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကျွန်တော်တို့သိတာနဲ့ ဆေး ရုံမှာ ကျွန်တော်တို့သူငယ်ချင်း တွေရှိတော့ သွားကြည့်တာပေါ့ ဗျာ။ သွားကြည့်တော့ ကလေး လေးယောက်နဲ့ အသက်(၅၅)နှစ် လောက်ရှိတဲ့ အဘွားတစ်ယောက် ပေါ့။ မိသားစုတော့ မဟုတ်ဘူး ပြောတယ်။ တစ်အိမ်တည်းမှာနေနေတဲ့ အချိန်မှာ ကျတာလို့ ပြော တယ်’’ဟု ကွတ်ခိုင်ဒေသခံ ကိုရှယ်ကွယ်က ပြောသည်။
တပ်မတော်က သတင်း ထုတ်ပြန်ရာတွင် KIA တပ်ဖွဲ့၏လက်ချက်ဖြစ်ကြောင်း ပြောကြားထားသည်။
ပြည်ထောင်စုကားလမ်းမ ကြီးပေါ်၌ ပုံမှန်သွားလာလျက်ရှိ သည့် ယာဉ်များကို KIA တပ်ဖွဲ့ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူငါးဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
‘‘ကျွန်တော်တို့မေးကြည့်တဲ့ အခါ ကလေးအမေက ပြောတာ တော့ ဒီကျည်ဆန်လာကျတယ်ပဲ ပြောတာပဲ။ ဒါပေမဲ့ တချို့ကျ တော့ နမ့်ဖက်ကာအခြေစိုက်တပ် က ပစ်လိုက်တဲ့ကျည်ဖြစ်တယ်လို့ တော့ ပြောကြတာပဲ။ တိုက်ပွဲဖြစ် တယ်လို့လည်းပြောတယ်။ ဘယ် က ပစ်တယ်ဆိုတာတော့ အတည် တကျပြောလို့မရဘူးပေါ့။ ကလေးအမေ တရုတ်ဘွားတော်က ပြော တာတော့ မြန်မာ့တပ်မတော်က ယာဉ်တန်းတွေတက်လာတဲ့အခါ မှာ မြောက်ပိုင်းမဟာမိတ်က အဲဒီ ယာဉ်တန်းကို ပစ်တဲ့အခါ တိုက်ပွဲ ဖြစ်တယ်လို့ပြောတာပဲ’’ဟု ကွတ် ခိုင်ဒေသခံ ကိုရှယ်ကွယ်က ဆို သည်။
တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့ (KIA)၊ တအာင်း လက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုး ကန့်လက်နက်ကိုင်အဖွဲ့ (MND AA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ပါဝင်သည့် ပူးပေါင်း လက်နက်ကိုင် အဖွဲ့တို့အကြား နိုဝင်ဘာ ၂၀ ရက်မှ လက်ရှိအထိ ရှမ်းမြောက် ဒေသတွင် တိုက်ပွဲ များ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိ သည်။
တပ်မတော်၏ထိုးစစ်ဆင်မှု ကို တုံ့ပြန်သည်ဟုဆိုကာ နိုဝင်ဘာ၂၀ ရက်တွင် လက်နက်ကိုင်ပူး ပေါင်းအဖွဲ့က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် အစိုး ရလုံခြုံရေးတပ်စခန်းများကို တိုက် ခိုက်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နှစ်ဖက်တပ် သားများအပါအဝင် အရပ်သား အများအပြားသေဆုံးဒဏ်ရာရရှိ ခဲ့သည်။
===================
251 / End
၂၅ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၁၉
News ID: 800665
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အ တွင်းရှိ ကျေးရွာတစ်ရွာတွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် ကလေးငယ်လေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။