၂၆ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၂၂
ကွမ်းခြံကုန်းမြို့နယ်မှ တပ်ပိုင်စားကျက်မြေ ၆၈၈ ဧကကို တောင်သူများထံပြန်ပေးဖို့ စီစဉ်နေ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာအုပ်စု ပကောက်ကျေးရွာအုပ်စုနှင့် ၀က်ကိုက်ကျေးရွာအုပ်စုများရှိ တပ်မတော်ပိုင် စားကျက်မြေ ဧက ၆၈၈ ဧကကို တရားဝင်လယ်ယာမြေ လုပ်ပိုင်ခွင့်ချထားပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောဆိုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။     ။ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာအုပ်စု ပကောက်ကျေးရွာအုပ်စုနှင့် ၀က်ကိုက်ကျေးရွာအုပ်စုများရှိ တပ်မတော်ပိုင် စားကျက်မြေ ဧက ၆၈၈ ဧကကို တရားဝင်လယ်ယာမြေ လုပ်ပိုင်ခွင့်ချထားပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောဆိုခဲ့သည်။

 "သောင်ခုံကျေးရွာမှာ အမှန်တကယ်စိုက်ပျိုးတဲ့ တောင်သူလယ်ယာမဲ့များကိုတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့က မြို့နယ်ရုံးကို ခေါ်ပြီးတော့ စားကျက်မြေပယ်ဖျက်ခွင့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနကို ၅၂၃ ဦးကိုယ်စား ၁၁ ဦးက လက်မှတ်ရေးထိုးပြီးတော့ လျှောက်ထားပြီးဖြစ်ပါတယ်။ ဒါလည်း ခရိုင်ရုံးကို ရောက်ရှိနေပြီးဖြစ်တဲ့အတွက် မကြာမီ အဖြေတစ်ခုရှိမှာဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောဆိုခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ကွမ်းခြံကုန်းမဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း၏ "သောင်ခုံကျေးရွာအုပ်စု၊ ပကောက်ကျေးရွာအုပ်စု၊ ၀က်ကိုက်ကျေးရွာအုပ်စုများရှိ စားကျက်မြေများကို ပယ်ဖျက်ပြီး တောင်သူများအားတရားဝင် လယ်ယာလုပ်ပိုင်ခွင့် ချထားပေးနိုင်ခြင်း ရှိမရှိ"မေးမြန်းမှုကို ဗိုလ်မှူးကြီးတင်အောင်ထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာအပိုင်ရှိ စားကျက်မြေဧက စုစုပေါင်း ၃၂၄၇ ဧက ရှိပြီး ၄င်းထဲမှ တပ်အပိုင် ၇၆၇ ဧက ရှိကာ ၎င်းထဲမှ လမ်းမြေ ၃၈ ဧက နှင့် လယ်မြေ ၄၀ ဧကအား မူလလုပ်ပိုင်ခွင့် ရှိသူ လယ်သမား ၇ ဦးကို ၂၀၁၄ ခုနှစ်အတွင်း၌ ပြန်လည်လွှဲပြောင်းပေးပြီး ဖြစ်သည်ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်း၏ ဖြေဆိုချက်အရသိရသည်။

===================    
251 / End