အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်အစိုးရက ဝန်ထမ်းတွေရွေးချယ်ခန့်အပ်ရာမှာ ဘွဲ့ရမသန်စွမ်းတွေကို သင့်တော်တဲ့နေရာတွေမှာ ထည့်သွင်းစဉ်းစားခန့်အပ်ပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဂွမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးစိုးဝင်းက အဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဆိုနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်နယ်လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့တာပါ။
၂၀၁၄ သန်းခေါင်စာရင်းအရ တနိုင်ငံလုံးမှာ မသန်စွမ်းဦးရေ ၂၃ သန်းကျော်ရှိပါတယ်။ မသန်စွမ်းသူ ၈၅ ရာခိုင်းနှုန်းက အလုပ်လက်မဲ့ဖြစ်နေပြီး ၁၅ ရာခိုင်းနှုန်းကသာ အလုပ် လုပ်ကိုင်နေတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
===================
251 / End
၂၇ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၂၀
News ID: 801135