အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးရှစ်ခုမှ နေရာဒေသပေါင်း ၆၀ သို့ ပြည်ပ ခရီးသွားများ သွားလာခွင့်မရှိ သော ဒေသများအဖြစ် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန က ထပ်မံကန့်သတ်ခဲ့သည်။
ယခင်က ခွင့်ပြုချက်တောင်း ခံသွားလာရန် ကန့်သတ်ထား သည့် ဒေသများအပြင် ရှမ်းပြည် နယ်မြောက်ပိုင်းရှိ မူဆယ်၊ နမ့် ခမ်း၊ ချင်းရွှေဟော် အစရှိသည့် ဒေသများ၊ ရခိုင်ပြည်နယ်ရှိ ဘူး သီးတောင်၊ မောင်တောနှင့် IDP Camp များ ထားရှိရာ နေရာများ အပါအဝင် နေရာဒေသ ၆၀ သို့ သွားလာခွင့် ထပ်မံကန့်သတ်ခြင်း ဖြစ်ပြီး ယခုအခါ ကန့်သတ်သည့် ဒေသများ၏စာရင်းကို ထုတ်ပြန်ခဲ့ သည်။
ဒီဇင်ဘာ ၂၇ ရက်က ထုတ် ပြန်သော အဆိုပါကန့်သတ်ဒေသ များတွင် ကချင်ပြည်နယ်ရှိ ဒေသရှစ်ခု၊ ကရင်ပြည်နယ်ရှိ ဒေသ ရှစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသနှစ်ခု၊ တနင်္သာရီတိုင်းဒေသ ကြီးရှိ ဒေသတစ်ခု၊ ပဲခူးတိုင်းဒေ သကြီးရှိ ဒေသသုံးခု၊ မန္တလေးတိုင်းဒေသကြီးရှိ ဒေသကိုးခု၊ ရခိုင်ပြည်နယ်ရှိ IDP Camp များအပါ အဝင် ဒေသနှစ်ခု၊ ရှမ်းပြည်နယ်ရှိ ဒေသ ၁၉ ခုပါဝင်သည်။
ယခင်က ပြည်နယ်နှင့်တိုင်း ဒေသကြီးရှစ်ခုရှိ နေရာဒေသ ၃၄ နေရာကို ခွင့်ပြုချက်တောင်းခံ သွားလာနိုင်သည့် ဒေသအဖြစ် သတ်မှတ်ပြီး နေရာဒေသ ၃၉ ခုကို မြို့တွင်းသွားလာခွင့်ပြုကာ မြို့ပြင်သွားလာမှုကို ခွင့်ပြုချက် တောင်းခံရန် ဒေသများအဖြစ် ၂၀၁၆ ဇွန်လ ၂၇ ရက်က ထုတ်ပြန်သတ်မှတ်ခဲ့သည်။
အဆိုပါခွင့်ပြုချက်တောင်းခံ ရမည့်ဒေသများတွင် ကချင်ပြည် နယ်ရှိ ဖားကန့်မြို့နယ်၊ ကယား ပြည်နယ်ရှိ ဖားဆောင်း၊ ရှားတော၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ လှိုင်းဘွဲမြို့နယ်များရှိ မြို့အချို့ နှင့် ရှမ်းပြည်နယ်ရှိ လောက်ကိုင်၊ ကုန်းကြမ်း၊ ကျေးသီး၊ ပန်ဆန်း၊မိုင်းလား အစရှိသည့် နေရာဒေသ များပါဝင်သည်။
ယင်းနေရာများကို ယခင်က နိုင်ငံတော်သမ္မတရုံးမှ တစ်ဆင့် သက်ဆိုင်ရာဌာနများသို့ တင်ပြ ခွင့်ပြုချက်တောင်းခံ၍ သွား ရောက်နိုင်သော်လည်း ဒီဇင်ဘာ ၂၃ ရက်တွင် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက ထုတ်ပြန် သည့် အကြောင်းကြားစာအရ ယင်းနေရာများသို့ သွားရောက်ခွင့် ပြုတော့မည်မဟုတ်ကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ပြော သည်။
‘‘ဒီနေရာတွေအတွက် ခရီး စဉ်ရောင်းချပြီးသားလုပ်ငန်းတွေ ကတော့ အခက်အခဲတွေ၊ အ လျော်အစားတွေ လုပ်ရတာရှိပါ မယ်။ ဒါပေမဲ့ ဒီလို အညိုရောင်၊ အမည်းရောင်ဒေသတွေ ဖြစ်လာ ရင် မသွားတာ အကောင်းဆုံးပဲ။ သွားလို့ နိုင်ငံခြားသားတစ်ခုခုဖြစ် သွား ရင် နိုင်ငံ့ပုံရိပ်ကို ထိခိုက်မယ်။ ကျွန်တော်တို့ခရီးသွားလုပ်ငန်း တစ်ခုလုံး ထိခိုက်သွားနိုင်တယ်’’ ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။
လုံခြုံရေးအရ ကန့်သတ် ထားသော နယ်မြေများသို့ သွား ရောက်လည်ပတ်ရန် သက်ဆိုင်ရာသို့ တင်ပြပြီး စီစဉ်ပေးနေသည့် ခရီးသွားကုမ္ပဏီများ၊ ခရီးစဉ်များ အမြန်ရပ်ဆိုင်းရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်၌ အကြောင်းကြားစာတစ်စောင် ထုတ်ပြန် သည်။
ထုတ်ပြန်ထားသည့် လုံခြုံ ရေးအရ ကန့်သတ်ဒေသများသို့ သွားရောက်မည့် ခရီးစဉ်များကို ခရီးသွားကုမ္ပဏီများက တင်ပြ ခြင်းမပြုရန်နှင့် ဒီဇင်ဘာ ၂၀ ရက် မတိုင်မီ ခွင့်ပြုထားသော ခရီးစဉ် များ ပယ်ဖျက်ပေးရန် အကြောင်း ကြားစာတွင် ဖော်ပြခဲ့သည်။
‘‘ဒီလိုကန့်သတ်နယ်မြေတွေ သတ်မှတ်ထားတယ် ဆိုတာကို တော့ သက်ဆိုင်ရာ သံရုံးတွေက နေတစ်ဆင့် အကြောင်းကြားသင့် တယ်။ ခရီးသွားကုမ္ပဏီအများစု ကတော့ ရန်ကုန်၊ မန္တလေး၊ အင်း လေးလောက်ပဲ လုပ်နေကြတာ လေ’’ဟု ဦးသက်လွင်တိုးက ပြော သည်။
===================
251 / End
၂၉ ဒီဇင်ဘာ ၂၀၁၆ - ၁၉:၀၀
News ID: 801586
မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးရှစ်ခုမှ နေရာဒေသပေါင်း ၆၀ သို့ ပြည်ပ ခရီးသွားများ သွားလာခွင့်မရှိ သော ဒေသများအဖြစ် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန က ထပ်မံကန့်သတ်ခဲ့သည်။