အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အင်းလျားကန်ပေါင်နှင့် အနီးတစ်ဝိုက်တွင်နှစ်သစ်ကူးပွဲ တော်ည နောက်ပိုင်းစွန့်ပစ်ခဲ့ သည့် အမှိုက်များကို ညတွင်းချင်း ရှင်းလင်းမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
နှစ်သစ်ကြိုဆိုမှုကို ရန်ကုန် မြို့၏ အထင်ကရ အင်းလျားကန် ပေါင်တွင် ဆင်နွှဲလေ့ရှိရာ စည်း ကမ်းမဲ့ စွန့်ပစ်သော အမှိုက်များ ကြောင့် အင်းလျားရေပြင်၊ ကန် ပေါင်နှင့် အနီးတစ်ဝိုက်လမ်းများ ၌ စွန့်ပစ်အမှိုက်များဖြင့် ညစ်နွမ်း နေလေ့ရှိသည်။
ယင်းအတွက် နှစ်သစ်ကူးပွဲ တော်ဆင်နွှဲနေစဉ်တွင် စည်းကမ်း မဲ့အမှိုက်မစွန့်ပစ်ရေး ပညာပေး နှိုးဆော်ခြင်း၊ ညနေ ၅နာရီတွင် ပရဟိတအဖွဲ့များနှင့် စုပေါင်း အ မှိုက်ကောက်ခြင်း၊ နှစ်သစ်ကူးပွဲ တော်ဆင်နွှဲပြီးည ၁ နာရီ နောက် ပိုင်းကစတင်၍ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ပန်းဥယျာဉ်ဌာနနှင့်ပရဟိတအဖွဲ့ များစုပေါင်းကာ ညတွင်းချင်း သိမ်းဆည်းမည်ဟု ဌာနမှူး ဦး ဇော်ဝင်းနိုင်ကပြောကြားသည်။
‘‘နှစ်သစ်ကူးညပိုင်းကတည်း က ကန်ပေါင်လာတဲ့သူတွေကို အမှိုက်မပစ်ဖို့ နှိုးဆော်တာတွေ လုပ်မယ်။ ပြီးရင်နောက်နေ့နှစ်ကူး တဲ့အချိန် ၁ နာရီနောက်ပိုင်းဆို လူစုကွဲသွားပြီဖြစ်တဲ့အတွက်အဲဒီ အချိန်ကစပြီး အမှိုက်ရှင်းလင်း တာတွေ၊ သိမ်းဆည်းတာတွေ လုပ်သွားမယ်။ ဌာနနဲ့အတူ ပရ ဟိတအဖွဲ့တချို့လည်း ပါဝင်ဖို့ရှိ ပါတယ်’’ဟု ဦးဇော်ဝင်းနိုင်က ပြောသည်။
ထို့အပြင် နှစ်သစ်ကူးည တွင် အင်းလျားကန်ပေါင်သို့ လာ ရောက်သောပြည်သူများ အမှိုက် များ စည်းကမ်းစနစ်တကျ စွန့်ပစ် တတ်စေသော အလေ့အကျင့် ကောင်း၊ အမူအကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန၊ပန်းဥယျာဉ်ဌာနနှင့် အင် ကြင်းဖွံ့ဖြိုးမှုကုမ္ပဏီ ပရဟိတ အဖွဲ့တို့ ပူးပေါင်း၍ အင်းလျား ကန်ပေါင်တွင် စုပေါင်းအမှိုက် ကောက်ပွဲကို ဒီဇင်ဘာ ၂၉ ရက် ညနေ၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ပြီးခဲ့သည့် နှစ်ကလည်း နှစ် သစ်ကူးပွဲတော်အပြီး နှစ်သစ် နံနက်တွင် အင်းလျားကန်ပေါင် တစ်လျှောက်၌ စည်းကမ်းမဲ့ စွန့်ပစ်ခဲ့သည့် အမှိုက်များပြန့်ကျဲ နေပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ ခဲ့သည်။
===================
251 / End
၃၁ ဒီဇင်ဘာ ၂၀၁၆ - ၁၇:၁၇
News ID: 801925
အင်းလျားကန်ပေါင်နှင့် အနီးတစ်ဝိုက်တွင်နှစ်သစ်ကူးပွဲ တော်ည နောက်ပိုင်းစွန့်ပစ်ခဲ့ သည့် အမှိုက်များကို ညတွင်းချင်း ရှင်းလင်းမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။