အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတပုံဟာ ထိုင်းနိုင်ငံထုတ် နာမည်ကျော် ဘန်ကောက်ပို့စ် သတင်းစာမှ ရွေးချယ်တဲ့ အကောင်းဆုံးဓာတ်ပုံတွေစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဒီဓာတ်ပုံကို ထိုင်းဓာတ်ပုံဆရာ ပတီပက် ဂျန်သောင်က ရိုက်ကူးခဲ့တာဖြစ်ပြီး အမှတ်စဉ် ၁၇ နေရာမှာ ဖော်ပြထားခဲ့တာပါ။
ဓာတ်ပုံအညွှန်းမှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်ဝှေ့ယမ်းနှုတ်ဆက်နေတယ်လို့ ဖော်ပြခဲ့တာပါ။
ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြတဲ့ ၂၀၁၆ ခုနှစ်အတွက် တနှစ်တာ အကောင်းဆုံးဓာတ်ပုံ စုစုပေါင်း ၆၃ ပုံရှိပြီး နိုင်ငံတွင်းနဲ့ ကမ္ဘာတလွှားက ထူးခြားတဲ့ အဖြစ်အပျက်တွေကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။
ဘန်ကောက်ပို့စ်က ရွေးချယ်တဲ့ အကောင်းဆုံးဓာတ်ပုံတွေကို http://www.bangkokpost.com/photo/photo/1172137/a-year-in-photos မှာ ကြည့်ရှုနိုင်ပါတယ်။
===================
251 / End
ဒေါ်အောင်ဆန်းစုကြည် ရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံသည့်ဓာတ်ပုံ အကောင်းဆုံး ဓာတ်ပုံစာရင်းတွင် ပါဝင်
၃၁ ဒီဇင်ဘာ ၂၀၁၆ - ၁၇:၅၀
News ID: 801937