၅ ဇန်နဝါရီ ၂၀၁၇ - ၁၄:၃၃
တရုတ်ခေါင်းဆောင် သုံးဦးပေးပို့သော မြန်မာ့လွတ်လပ်ရေးနေ့ သ၀ဏ်လွှာများတွင် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တွန

တရုတ်သမ္မတအပါအ ၀င် ခေါင်းဆောင်သုံးဦးကမြန်မာ နိုင်ငံ၏ (၆၉)နှစ်မြောက်လွတ် လပ်ရေးနေ့အတွက်ဝမ်းမြောက် ကြောင်းပေးပို့သည့် သ၀ဏ်လွှာ တွင် နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မြောက်ပူးပေါင်းဆောာင်ရွက်မှု မြှင့်တင်ရန် တွန်းအားပေးထား သည်ကိုတွေ့ရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရုတ်သမ္မတအပါအ ၀င် ခေါင်းဆောင်သုံးဦးကမြန်မာ နိုင်ငံ၏ (၆၉)နှစ်မြောက်လွတ် လပ်ရေးနေ့အတွက်ဝမ်းမြောက် ကြောင်းပေးပို့သည့် သ၀ဏ်လွှာ   တွင် နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မြောက်ပူးပေါင်းဆောာင်ရွက်မှု မြှင့်တင်ရန် တွန်းအားပေးထား သည်ကိုတွေ့ရသည်။

အခြားနိုင်ငံများက ပေးပို့ သည့်ဝမ်းမြောက်ကြောင်း သ၀ဏ် လွှာများတွင်မူ နှစ်နိုင်ငံဆက်ဆံ ရေးကောင်းမွန်ရေးကိုသာ ရေး သားခဲ့ကြပြီး ယင်းကဲ့သို့ စီမံကိန်း တစ်ခုအကြောင်းကို အသားပေး ရေးသားခြင်းမျိုးမရှိခဲ့ပေ။

သမ္မတဦးထင်ကျော်ထံ တ ရုတ်သမ္မတစီကျင်းပင်က ပေးပို့ သည့် သ၀ဏ်လွှာတွင် ‘‘ကျွန်ုပ် သည် တရုတ်-မြန်မာဆက်ဆံရေး အား များစွာအလေးထားပြီး အ ဆွေတော်နှင့်အတူတကွကြိုးပမ်း  ကာ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်ဆက်ဆံရေးပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် တွန်းအား ပေး၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူ လူထုအား ပိုမိုအကျိုးပြုနိုင်ရန် ဆန္ဒရှိပါသည်’’ဟုရေးသားထား သည်။

ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်ထံ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနိုင်ငံတော်ကောင်စီဝန်ကြီး ချုပ်မစ္စတာလီကီကျန်းက ပေးပို့ သောသ၀ဏ်လွှာတွင်လည်း ဒေါ် အောင်ဆန်းစုကြည်၏ ၂၀၁၆သြ ဂုတ် တရုတ်ခရီးစဉ်အတွင်း  နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မှုနှင့် ပတ်သက်၍ အရေးကြီးသော သ ဘောတူညီချက်တစ်ခုရရှိခဲ့သည် ဟုရေးသားထားသည်။

‘‘အဆွေတော်၏ ခရီးစဉ်အ တွင်း တရုတ်-မြန်မာဘက်စုံမ ဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို အင်တိုက်အား တိုက်မြှင့်တင်ခဲ့ပါတယ်။ ကျွန်ုပ် သည် တရုတ်-မြန်မာဆက်ဆံရေး စဉ်ဆက်မပြတ်မြှင့်တင်ရေးကို အဆွေတော်နှင့်အတူ ကြိုးပမ်း ဆောင်ရွက်သွားရန် ဆန္ဒရှိပါ တယ်’’ဟု ရေးသားထားသည်။

အလားတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန၀န်ကြီး မစ္စတာဝမ်ယီက နိုင်ငံ ခြားရေးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဒေါ်အောင်ဆန်းစုကြည် ထံ ပေးပို့သည့် သ၀ဏ်လွှာတွင် လည်း ယင်းကိစ္စကိုသာပြောကြား ထားသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည်ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများသည် အဆက်မပြတ်တိုးမြှင့်လျက်ရှိပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရင်းနှီးသောပူးပေါင်းမှုများရှိကြောင်း သ၀ဏ်လွှာတွင်ရေးသားထားသည်။

‘‘ကျွန်ုပ်သည် တရုတ်-မြန် မာနှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆက်မ ပြတ်တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက် ရေးအတွက် အဆွေတော်နှင့်အ တူတကွကြိုးပမ်းရန် ဆန္ဒရှိပါ သည်’’ဟု တရုတ်နိုင်ငံခြားရေးဝန် ကြီး၏ သ၀ဏ်လွှာတွင်ပါရှိသည်။

တရုတ်သမ္မတစီကျင်းပင် သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် အိန္ဒိယနိုင်ငံဂိုအာပြည်နယ် တွင် ၂၀၁၆အောက်တိုဘာ ၁၇ ရက်က ကျင်းပသော BRICSထိပ် သီးအစည်းအဝေးနှင့်အတူတွဲ လျက်ပြုလုပ်သည့် နှစ်နိုင်ငံအ စည်းအဝေး၌ တွေ့ဆုံစဉ်က လည်း ယင်းအကြောင်းကိုသာ ပြောကြားခဲ့သည်။

===================    
251 / End