အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် ဂုဏ်ထူးဆောင် ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပခဲ့ရာ ၂၀၁၆ အတွက် သီဟသူရဘွဲ့တံဆိပ်ရရှိသူတစ်ဦးနှင့် သူရဘွဲ့တံဆိပ်ရရှိသူ ၁၄ ဦးတို့အား ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များကို သမ္မတက ချီး မြှင့်ခြင်းဖြစ်သည်။
စုစုပေါင်း ၁၅ ဦးအား ချီးမြှင့်ရာ ကိုးဦးမှာ ကျဆုံးစစ်သည်များ ဖြစ်၍ မိသားစုများက ကိုယ်စား လက်ခံခဲ့ကြသည်။ ယနေ့အခမ်း အနားသို့ ကိုယ်တိုင်တက်ရောက် ခြင်းမပြုနိုင်တော့သည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း သားစဉ်မြေးဆက် ဂုဏ်ယူစရာပင် ဖြစ်ပါ ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
သီဟသူရဘွဲ့ရရှိသူ အမှတ် (၁၀၉)ခြေမြန်တပ်ရင်းမှ ကြည်း- ၅၃၀၉၈ ဗိုလ်ကြီးစွမ်းရည်အောင် (ကျဆုံး) ကိုယ်စား ၎င်း၏ ဖခင် ဦးခင်မောင်ဝင်းက လက်ခံရယူခဲ့ သည်။
သူရဘွဲ့ရရှိသည့် အမှတ်(၄) ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူး ကြီးဇော်မျိုး၊ အမှတ်(၆) ခြေမြန် တပ်ရင်းမှ ဗိုလ်မှူးရာဇာမင်းထွန်း၊ အမှတ်(၁) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးနေလဝင်း၊ အမှတ်(၁၀၉) ခြေမြန်တပ်ရင်းမှ ဒုတိယအရာခံ ဗိုလ်ဝင်းနိုင်၊ အမှတ်(၁၁၉)ခြေ မြန်တပ်ရင်းမှ ဒုတိယတပ်ကြပ် ရဲဇော်တို့ ကျဆုံးခဲ့၍ ၎င်းတို့၏ဇနီးသည်များက ကိုယ်စားလက်ခံခဲ့သည်။
အမှတ်(၄)ခြေလျင်တပ်ရင်း မှ ဗိုလ်ကြီးငြိမ်းချမ်းကျော်(ကျဆုံး)ကိုယ်စား ဖခင်ဦးမျိုးဝင်းကလည်း ကောင်း၊ အမှတ်(၆)ခြေမြန်တပ် ရင်းမှ ဒုတိယတပ်ကြပ် လှအေး (ကျဆုံး)ကိုယ်စား အစ်ကို ဦးလှမျိုး ကလည်းကောင်း၊ အမှတ်(၄)ခြေ လျင်တပ်ရင်းမှ ဒုတိယတပ်ကြပ် နေမင်း (ကျဆုံး) ကိုယ်စား မိခင် ဒေါ်သန်းမြင့်ကလည်းကောင်း လက်ခံခဲ့သည်။
အမှတ်(၁၁) ခြေလျင်တပ် ရင်းမှ ဗိုလ်ကြီးမင်းအောင်၊ တပ်မ တော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(ဗထူး)မှ ဗိုလ်ကြီးစိုးညွန့် နိုင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ)မှ ဗိုလ်ကြီးရန်ကျော်၊ စစ်တက္ကသိုလ်မှ ဗိုလ်ကြီးသက် ခိုင်၊ အမှတ်(၉)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးပြည့်စုံအောင်၊ အမှတ် (၁၁) ခြေလျင်တပ်ရင်းမှ ဒုတိယ တပ်ကြပ်ပိုးလေးတို့က ဂုဏ်ထူး ဆောင်ဘွဲ့များကို ကိုယ်တိုင်လက်ခံရယူခဲ့သည်။
နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးအတွက် မိမိတို့၏အသက်ခန္ဓာကိုယ်ကို ပဓာနမထားဘဲ ကြံ့ ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက် သည့် စွမ်းရည်၊ ဂုဏ်ယူထိုက် သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူး ချွန်ချွန်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ရန် စိစစ်ရေးအဖွဲ့၏ ထောက်ခံ တင်ပြချက်အရ ယခုကဲ့သို့ ဂုဏ် ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား ကျင်းပပြီး ချီးမြှင့်ခြင်းဖြစ် ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့နောက် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က တပ်မ တော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ် ထူးဆောင်တံဆိပ်နှင့် လက်မှတ် များကို ဆက်လက်ချီးမြှင့်အပ်နှင်းခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူရဲကောင်းမှတ် တမ်းဝင်တံဆိပ်ရရှိသူ ၇၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၆ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၃၄ ဦးတို့အား ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။
တပ်မတော်သားများ၏ မိ သားစုဝင် ရဲမေ ၂၁ ဦးသည် စွန့် လွှတ်အနစ်နာခံသည့် အာဇာနည် စိတ်ဓာတ်ဖြင့် ရဲရင့်ပြောင်မြောက် စွာ တာဝန်ထမ်းဆောင်ခဲ့ကြ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရှစ်ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူး ဆောင်လက်မှတ် ၁၃ ဦးတို့အား ချီးမြှင့်ပေးမည်ဖြစ်ကြောင်း တပ် ချုပ်က ပြောကြားခဲ့သည်။
===================
251 / End
၅ ဇန်နဝါရီ ၂၀၁၇ - ၁၅:၃၃
News ID: 802969
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် ဂုဏ်ထူးဆောင် ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပခဲ့ရာ ၂၀၁၆ အတွက် သီဟသူရဘွဲ့တံဆိပ်ရရှိသူတစ်ဦးနှင့် သူရဘွဲ့တံဆိပ်ရရှိသူ ၁၄ ဦးတို့အား ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များကို သမ္မတက ချီး မြှင့်ခြင်းဖြစ်သည်။