အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလဲဗင်းမီဒီယာ ဂရု(ပ်) စီအီးအိုနှင့် အယ်ဒီတာ ချုပ်တို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုမှု နှင့်ပတ်သက်၍ တရားစီရင်ရေး မဏ္ဍိုင်၏ ကိစ္စသာဖြစ်သဖြင့် တရားစီရင်ရေးမဏ္ဍိုင်ကသာ ဆုံး ဖြတ်ရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းကပြောသည်။
နေပြည်တော်ရှိ စည်ပင်ဧည့် ရိပ်သာအတွင်း ဇန်န၀ါရီ ၇ ရက် က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးအပြီး သတင်းထောက်များ ၏ မေးမြန်းမှုကို ၀န်ကြီးချုပ်က အထက်ပါအတိုင်းဖြေကြားခြင်း ဖြစ်သည်။ အလဲဗင်းမီဒီယာဂရု(ပ်)စီ အီးအိုဒေါက်တာသန်းထွဋ်အောင် နှင့် အလဲဗင်းနေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့နှစ်ဦး အား ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့်အ ပေါ် အမှုပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ၊မရှိနှင့်ပတ်သက်၍ သတင်းထောက်များကမေးမြန်းခဲ့ သည်။ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ‘‘အဲဒီ ကိစ္စကတော့ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ကိစ္စဖြစ်ပါတယ်။တရား စီရင်ရေးမဏ္ဍိုင်ကပဲ ဆုံးဖြတ်ရ မယ့်ကိစ္စဖြစ်ပါတယ်’’ဟု ပြန် လည်ဖြေကြားသည်။
ရန်ကုန်တိုင်း ၀န်ကြီးချုပ် အပေါ် အများပြည်သူ အထင်အ မြင်လွဲမှားစေပြီး ဂုဏ်သရေ ပျက်စေလိုသော ရည်ရွယ် ချက်ဖြင့် ၀န်ကြီးချုပ်၏ လုပ် ဆောင်ချက်များကို နှောင့်ယှက် ဖျက်ဆီးလိုသော ဆန္ဒဖြင့် ဆက် သွယ်ရေးကွန်ရက်ကို အသုံးပြု သည်ဆိုကာ အလဲဗင်းမီဒီယာဂ ရု(ပ်)ဖေ့စ်ဘွတ်ခ်အသုံးပြုသူ Than Htut Aung ဖေ့စ်ဘွတ်ခ် အသုံးပြုသူနှင့် အလဲဗင်းနေ့စဉ် သတင်းစာအယ်ဒီတာချုပ် ဦးဝေ ဖြိုးတို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့က အမှုဖွင့်ထားခြင်းဖြစ်သည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံရသော အလဲဗင်းမီဒီယာဂရု(ပ်)စီအီးအို ဒေါက်တာသန်းထွဋ်အောင်နှင့် အလဲဗင်းနေ့စဉ်သတင်းစာ အယ် ဒီတာချုပ် ဦးဝေဖြိုးတို့၏ ခြောက် ကြိမ်မြောက်ရုံးချိန်တွင် အာမခံ လျှောက်ထားမှုကို တာမွေမြို့နယ် တရားသူကြီးက အာမခံပေးခဲ့ခြင်း ဖြစ်သည်။
အလဲဗင်းမီဒီယာဂရု(ပ်) က ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်အစိုးရ အဖွဲ့ကို တောင်းပန်ပြီး ၁၀ ရက် အကြာတွင် အာမခံရရှိခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအတွက် အာမခံရရှိ ရန် တစ်ဦးလျှင် ကျပ်သိန်း ၅၀၀ စီဖြင့် အာမခံပေးခြင်းဖြစ်သည်။
ဇန်န၀ါရီ ၆ ရက်က ရုံးထုတ် ရာတွင် တရားလိုဖြစ်သောရန်ကုန် တိုင်းအစိုးရအဖွဲ့ညွှန်ကြားရေး မှူး ဦးမိုးဟိန်းကို စတင်စစ်ဆေး ပြီး ဦးမိုးဟိန်းက အမှုကို ကျေအေးမည်မဟုတ်ဘဲ ဥပဒေအ တိုင်း ဆက်လက်ဆောင်ရွက် မည်ဟု တရားရုံးမှ ပြန်ထွက်လာ ချိန်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
===================
251 / End
အလဲဗင်းမီဒီယာဂရု(ပ်) စီအီးအိုနှင့် အယ်ဒီတာချုပ်အမှု တရားစီရင်ရေးမဏ္ဍိုင်ကသာ ဆုံးဖြတ်မည်ဟု ဦးဖြိုးမင်းသိန်းဆို
၈ ဇန်နဝါရီ ၂၀၁၇ - ၁၆:၀၉
News ID: 803564
အလဲဗင်းမီဒီယာ ဂရု(ပ်) စီအီးအိုနှင့် အယ်ဒီတာ ချုပ်တို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုမှု နှင့်ပတ်သက်၍ တရားစီရင်ရေး မဏ္ဍိုင်၏ ကိစ္စသာဖြစ်သဖြင့် တရားစီရင်ရေးမဏ္ဍိုင်ကသာ ဆုံး ဖြတ်ရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းကပြောသည်။