၈ ဇန်နဝါရီ ၂၀၁၇ - ၁၇:၀၄
ကချင်စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် ယခုလမကုန်မီ ရိက္ခာပြတ်တောက်နိုင်

ကချင်ပြည်နယ်ရှိ စစ် ဘေးဒုက္ခသည်စခန်း အချို့တွင် ဇန်န၀ါရီလမကုန်မီ ဆန်အပါအ ၀င်စားနပ်ရိက္ခာပြတ်လပ်မည့် အ ခြေအနေ ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကချင်ပြည်နယ်ရှိ စစ် ဘေးဒုက္ခသည်စခန်း အချို့တွင် ဇန်န၀ါရီလမကုန်မီ ဆန်အပါအ ၀င်စားနပ်ရိက္ခာပြတ်လပ်မည့် အ ခြေအနေ ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။

ကချင်နှင့် ရှမ်းမြောက်နယ် စပ် မန်ဝိုင်းကြီးဒေသရှိ စစ်ဘေး ဒုက္ခသည်စခန်းများသို့ သွား ရောက် အကူအညီပေးအပ်ခဲ့ သည့် အဖြူရောင်တွဲလက်များ အရပ်ဘက် လူမှုအဖွဲ့အစည်းက ဇန်န၀ါရီ ၆ ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဖြူရောင်တွဲလက်များအ ဖွဲ့မှ ဦးဆောင်ရှင်းလင်းသူ ကိုဘို ဘိုက စစ်ရေးအရအရေးပါသည့် နေရာများတွင် လုံခြုံရေးတင်း ကျပ် ကန့်သတ်မှုများရှိနေသဖြင့် WFP အပါအ၀င် အဖွဲ့အစည်းများက ပေးဝေနေသော ဆန်နှင့် ရိက္ခာများ ရောက်ရှိရန် ကြန့်ကြာ နေ၍ စစ်ဘေးဒုက္ခသည်စခန်းများမှာ အခက်အခဲများဖြစ်နေကြောင်း ပြောသည်။

‘‘အခုအချိန်ဟာ ဒုက္ခအ ရောက်ဆုံးဖြစ်နေပါတယ်လို့ သူ တို့ (ဒုက္ခသည်)က ပြောတယ်’’ဟု ကိုဘိုဘိုကဆိုသည်။

မန်ဝိန်းကြီး အပါအ၀င် စစ် ဘေးဒုက္ခသည်စခန်း အချို့တွင် ဇန်န၀ါရီလကုန်၌ ဆန်နှင့် ရိက္ခာ များပြတ်လပ်မည့် အနေအထား ဖြစ်နေခြင်းကြောင့် အချိန်မီကူညီ ထောက်ပံ့ရန် လိုအပ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

အစိုးရ၊ လုံခြုံရေးတာဝန်ရှိ အဖွဲ့အစည်းများနှင့် လက်နက် ကိုင် အဖွဲ့အစည်းများအနေဖြင့် အရေးပေါ် စားနပ်ရိက္ခာဖြန့်ဖြူး ရေးလုပ်ငန်းများ အဆင်ပြေချော မွေ့စေရေး စိစစ်ကူညီရန်လည်း အဖြူရောင်တွဲလက်များအဖွဲ့က တောင်းဆိုခဲ့သည်။

‘‘လောလောဆယ် အရေး ပေါ်အနေနဲ့ ဆန်အခက်အခဲဖြစ် နေပါတယ်’’ဟု ကိုဘိုဘိုက ပြော သည်။

===================    
251 / End