အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိမ်ပိုင်ဆိုင်မှုမရှိသေး သူများအတွက်သာ ရောင်းချပေး ထားသည့် မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အပိုင်း (၁)ရှိ တိုက်ခန်းများကို ပြန်လည်ငှား ရမ်းမှု၊ အမြတ်တင်ရောင်းချမှုများ ရှိနေကြောင်း သတင်းရရှိသည်။
ယင်းတန်ဖိုးမျှတအိမ်ရာ အပိုင်း (၁)ရှိ တိုက်ခန်းပေါင်း ၄၂၀ ကို အိမ်ပိုင်ဆိုင်မှုမရှိသေး သည့် အငြိမ်းစားဝန်ထမ်းများနှင့် လုပ်သက်ရင့် ဝန်ထမ်းများကိုသာ မဲနှိုက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့သော်လည်း တိုက် ခန်းတန်ဖိုးထက် အမြတ်တင်၍ ရောင်းချခြင်းများနှင့် ငှားရမ်းခြင်း များရှိနေကြောင်း အရောင်း အဝယ်ဈေးကွက်မှ စုံစမ်းသိရ သည်။
‘‘အခုဆိုရင် ပြန်ရောင်းတာ တွေလည်း များတယ်။ ငှားချင် တယ်ဆိုရင် ငှားလို့ရတယ်။ အရောင်းကတော့ ပိုင်ဆိုင်မှု စာ အုပ်တစ်အုပ်ရှိတယ်။ အဲဒီစာ အုပ်ကိုပေးထားမယ်။ ငွေအကျေ သွင်းပြီးမှ နာမည်ပြန်လွှဲပေးမယ်။ ဈေးတွေကတော့ အထပ်အလိုက် အမြတ်ပေးပြီး ဝယ်ရမယ်’’ဟု ပွဲ စားတစ်ဦးက ပြောသည်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ် ရာ အပိုင်း(၁)ရှိ တိုက်ခန်း စတုတ္ထ ထပ်တစ်ခန်းလျှင် ပိုင်ရှင်ထံသို့ အမြတ်ငွေကျပ်သိန်း ၆၀၊ တတိ ယထပ် တစ်ခန်းလျှင် ကျပ်သိန်း ၈၀ ကျော်၊ ပထမထပ်နှင့် မြေညီ ထပ်တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ကျော်ပေးကာ ပြန်လည် ဝယ်ယူနေကြောင်း ဈေးကွက်မှ စုံစမ်းသိရသည်။
အစိုးရသို့ သွင်းရသည့် နှုန်း ထားများမှာ မြေညီထပ်တစ်ခန်း လျှင် ကျပ် ၁၆၅ သိန်း၊ ပထမ ထပ် တစ်ခန်းလျှင် ကျပ် ၁၅၅ သိန်း၊ ဒုတိယနှင့် တတိယထပ် တစ်ခန်းလျှင် ကျပ် ၁၄၅ သိန်း၊ စတုတ္ထထပ်တစ်ခန်းလျှင် ၁၃၅ သိန်းရှိကြောင်း စုံစမ်းသိရသည်။
‘‘အဝယ်တွေကတော့ နေ့ တိုင်းလာကြည့်တယ်။ ဒီနေ့ တောင် တစ်ခန်းတည့်သွားပြီ’’ဟု ပွဲစားတစ်ဦးက ပြောသည်။
တန်ဖိုးမျှတအိမ်ရာတွင် မဲ ပေါက်ထားသူများအနေဖြင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီးပါက မူရင်းပိုင်ရှင် သာ နေထိုင်ခြင်းဟုတ်၊ မဟုတ် မြို့နယ်ဦးစီးအရာရှိက ဦးစီး၍ လစဉ် စစ်ဆေးခြင်းကို မတ်လ တွင် စတင်ပြုလုပ်မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားထား သည်။
အဆိုပါတိုက်ခန်း ဝယ်ယူ ခွင့်ရရှိသူများသည် ပြန်လည်၍ ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်ပါက တိုက်ခန်းကို ပြန် လည် သိမ်းယူမည်ဖြစ်ကြောင်း စာချုပ်တွင်ပါရှိသည်။
လုပ်သက် (၂၅)နှစ်အထက် ဝန်ထမ်းများနှင့် အငြိမ်းစားများ အတွက် မဲစနစ်ဖြင့် ရောင်းချပေး သည့် မြရည်နန္ဒာ တန်ဖိုးမျှအိမ် ရာ အပိုင်း (၁)နှင့် (၂)တွင် အခန်း ပေါင်း ၉၈၀ ဆောက်လုပ်၍ အငြိမ်းစားဝန်ထမ်းနှင့် အစိုးရ ဝန်ထမ်းများအား အခန်းပေါင်း ၉၄၀ နှင့် ကုမ္ပဏီဝန်ထမ်းများ အား အခန်းပေါင်း ၄၀ ရောင်း ချထားပြီးဖြစ်ကြောင်း သတင်းရရှိ သည်။
===================
251 / End
၁၀ ဇန်နဝါရီ ၂၀၁၇ - ၁၉:၄၉
News ID: 804183
အိမ်ပိုင်ဆိုင်မှုမရှိသေး သူများအတွက်သာ ရောင်းချပေး ထားသည့် မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ အပိုင်း (၁)ရှိ တိုက်ခန်းများကို ပြန်လည်ငှား ရမ်းမှု၊ အမြတ်တင်ရောင်းချမှုများ ရှိနေကြောင်း သတင်းရရှိသည်။