အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင်းရှိ မိုးကောင်းရွာနဲ့ ကွင်းဆက်ရွာကြားမှာ ဇန်နဝါရီ ၁၂ ရက်နေ့ မနက်က အလောင်းတော်ကဿပဂူကို ဘုရားဖူးလိုက်ပါလာတဲ့ အမျိုးသမီးတဦး ကားပေါ်မှ ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။
သေဆုံးသွားသူ အမျိုးသမီးဟာ သီပေါမြို့နယ် နားလေရွာမှာ နေထိုင်သူ ဒေါ်နိုင်းလတ်ဆိုသူဖြစ်ပြီး ကားပေါ်မှ ပြုတ်ကျမှုကြောင့် ဦးခေါင်းယာဂျိုပေါက်ပြဲ၊ ပါးစပ်နဲ့ နှာခေါင်း သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာပါ။
အဆိုပါ ဘုရားဖူးယာဉ်ဟာ လိုက်ထရက်အမျိုးစား ကားတစင်းဖြစ်ပြီး ကားပေါ်မှာ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၂ ဦးတို့ လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။
အခုလို ယာဉ်ပေါ်မှ လူပြုတ်ကျသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ယာဉ်မောင်းဖြစ်သူ ဦးလှဖေအား ယင်းမာပင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
ရန်နိုင်စိုး
=====================
251/End
၁၃ ဇန်နဝါရီ ၂၀၁၇ - ၂၀:၁၇
News ID: 804721