၁၆ ဇန်နဝါရီ ၂၀၁၇ - ၁၉:၄၂
မိုးကုတ်တွင် ရေခဲသည်အထိ နှစ်ရက်ဆက်အေး၊ ယခင်နှစ်များထက် အအေးပိုဟုဆို

မိုးကုတ်မြို့တွင် ရေခဲ သည်အထိ နှစ်ရက်ဆက်၍အေး နေပြီး ယခင်နှစ်များထက် အအေး ပိုနေကြောင်း ဒေသခံများကပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မိုးကုတ်မြို့တွင် ရေခဲ သည်အထိ နှစ်ရက်ဆက်၍အေး နေပြီး ယခင်နှစ်များထက် အအေး ပိုနေကြောင်း ဒေသခံများကပြော သည်။

ပင်လယ်ရေ မျက်နှာပြင်အ ထက် ၃,၈၅၈ ပေတွင်ရှိနေသော မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့၌ ဇန်န၀ါရီ ၁၄ နှင့် ၁၅ ရက် တို့တွင် ရေခဲသည်အထိ အေးနေကြောင်း ဒေသခံများကပြောကြားသည်။

မိုးကုတ်မြို့ မြို့မရပ်ကွက် နေ ဦးအေးသိန်းက ‘‘ခေါင်မိုးတွေ ပေါ်မှာ ခဲတာ။ အေးတာ ပက်ပက် စက်စက်အေးတယ်။ အရင်တုန်း က အဲဒီလိုမဟုတ်ဘူး။ တော်တော် လေးကို အေးတာ။ နေ့ခင်း ၁၂ နာရီ ၁ နာရီအထိကို အအေးမ ပြယ်ဘူး’’ဟု ပြောသည်။


မိုးကုတ်မြို့ အနောက်ပိုင်း ကျသော ဒေသများ၌မြို့ပေါ်ထက် ပိုအေးပြီး ရေပုံးများထဲရှိရေသည် ရေခဲသည်အထိအေးကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများက မိုးကုတ်မြို့ တွင် ရေခဲမှတ်အောက် ရောက် သည်အထိ အေးနေကြောင်းပြော သော်လည်း မိုးလေ၀သနှင့် ဇလ ဗေဒ  ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဇန်န၀ါရီ ၁၅ ရက်၌ ၃ ဒီဂရီစင်တီဂရိတ် ရှိခဲ့ ကြောင်း ဖော်ပြထားသည်။ ဇန်န ၀ါရီ ၁၅ ရက် တိုင်းတာချက်အရ ချင်းပြည်နယ် ဟားခါးမြို့တွင် အနုတ် ၂ ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့တွင် ၂ ဒီဂရီစင်တီ ဂရိတ်၊ နမ့်စန်မြို့၊ ပင်လောင်းမြို့ နဲ့ ဟဲဟိုးမြို့တို့တွင် ၄ ဒီဂရီစင်တီ ဂရိတ်စီရှိခဲ့ကြောင်း သတင်းထုတ် ပြန်ထားသည်။ ယခုရက်ပိုင်းအ တွင်း ဟိမ၀န္တာတောင်ဘက်မှ လေအေးများ ၀င်ရောက်လာ၍ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသ ကြီး၊  ကချင်နှင့် ချင်းပြည်နယ်တို့ တွင် အအေးပိုနေနိုင်ကြောင်း မိုး ဇလဌာနက သတိပေးထားသည်။

===================  
251 / End