အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စည်းလုံးညီညွတ်သော ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ကို ရခိုင်ပြည်အ ခြေစိုက် တိုင်းရင်းသားပါတီ ငါးပါတီဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
မဟာမိတ်အဖွဲ့ ဖွဲ့စည်းနိုင် ရေး အစည်းအဝေးတစ်ရပ်ကို ဇန် န၀ါရီ ၁၆ ရက်က စစ်တွေမြို့ ရခိုင်မျိုးချစ်ပါတီ ဗဟိုဌာနချုပ်ရုံး တွင် ပြုလုပ်ခဲ့ပြီး တက်ရောက်လာ သည့် ပါတီကိုယ်စားလှယ်များ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်း လိုက်ခြင်းဖြစ်ကြောင်း ရခိုင်မျိုး ချစ်ပါတီ အတွင်းရေးမှူး ဦးခင် မောင်ထွန်းကပြောသည်။
စည်းလုံးညီညွတ်သော ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစု များ မဟာမိတ်အဖွဲ့တွင် ရခိုင်မျိုးချစ်ပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြိုတိုင်းရင်းသားပါတီတို့ ပါဝင်ကြောင်း သတင်းရရှိသည်။
‘‘ရသင့်ရထိုက်တဲ့ တိုင်းရင်း သားအခွင့်အရေးတွေ ရရှိဖို့နဲ့ လို အပ်တဲ့ တောင်းဆိုမှုတွေ ပြုလုပ် ဖို့ အခုလို မဟာမိတ်အဖွဲ့ကို ဖွဲ့ စည်းလိုက်တာ ဖြစ်ပါတယ်။ မဟာမိတ်အဖွဲ့က သုံးလတစ်ကြိမ် အစည်းအဝေးထိုင်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်’’ ဟု ဦးခင်မောင်ထွန်းကဆိုသည်။
မဟာမိတ်အဖွဲ့ စတင်ဖွဲ့ စည်းသည့်နေ့ သဘောထားထုတ် ပြန်ချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စစ်မှန်ပြီး သဘောတရားပြည့်ဝ သည့် လူမျိုးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရန်၊ ရခိုင်ပြည်နယ်၏ လက်ရှိဖြစ်စဉ်များနှင့် ပတ်သက် ၍ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများက ဒေသခံတိုင်းရင်းသားလူမျိုးစုပါတီ ခေါင်းဆောင်များနှင့် ညှိနှိုင်းလက်တွဲဆောင် ရွက်ရန် တိုက်တွန်းကြောင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အ မျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး၊ နိုင်ငံရေးပါတီများအား လုံးနှင့် ပါဝင်သင့် ပါဝင်ထိုက်သူ များအားလုံး တက်ရောက်ဆွေး နွေးခွင့်ရရှိရန် တိုက်တွန်းတောင်း ဆိုကြောင်း ဖော်ပြထားသည်။
===================
251 / End
ရခိုင်အခြေစိုက် ပါတီငါးခုဖြင့် စည်းလုံးညီညွတ်သော ရခိုင်ပြည်နယ်တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ ဖွဲ့စည်း
၁၈ ဇန်နဝါရီ ၂၀၁၇ - ၂၀:၀၄
News ID: 805799
စည်းလုံးညီညွတ်သော ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ကို ရခိုင်ပြည်အ ခြေစိုက် တိုင်းရင်းသားပါတီ ငါးပါတီဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။