အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနယ်စပ်မှပြည်သူ များ တရုတ်ဘက်သို့ဝင်ရောက် စစ်ဘေးရှောင်ခြင်းကို တရုတ် ဘက်က တားဆီးခြင်းမရှိဘဲ မြန်မာဒေသဆိုင်ရာ အာဏာပိုင် များကသာ တရုတ်ဘက်သို့ ၀င် ရောက်တိမ်းရှောင်ခွင့်မပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းဌာနများ အား အီးမေးလ်ပေးပို့လာသည်။
ဇန်န၀ါရီ ၁၈ ရက်တွင် တရုတ်သံရုံးက ပေးပို့လာသော အီးမေးလ်၌ ‘‘မြန်မာနိုင်ငံသက် ဆိုင်ရာဒေသအာဏာပိုင်များက စစ်ဘေးရှောင် နယ်စပ်ပြည်သူ များအား နေရာချထားရေးနဲ့ စီမံ ခန့်ခွဲမှုများကို တိုးမြှင့်လုပ်ဆောင် ထားပြီး မလွှဲမရှောင်နိုင်သော အခြေအနေမှလွဲ၍ တရုတ်နိုင်ငံ သို့ ၀င်ရောက်တိမ်းရှောင်ခြင်း ခွင့်မပြုကြောင်း သိရပါသည်’’ ဟူ၍ ဖော်ပြထားသည်။
တစ်ဆက်တည်းမှာပင်သံရုံး ၏စာ၌ ‘‘တရုတ်နိုင်ငံက မြန်မာ နယ်စပ်ပြည်သူများ တရုတ်နိုင်ငံ သို့ ၀င်ရောက်စစ်ဘေးတိမ်း ရှောင်ခြင်းကို တားဆီးခြင်းမရှိပါ’’ ဟု ပါရှိသည်။
တပ်မတော်နှင့် ကေအိုင် အေတို့ကြားဝိုင်းမော်မြို့နယ်အနီး တွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ကြောင့် နယ်စပ်ရှိ ဇိုင်းအောင်နှင့် ခေါင်ရှောင် စစ်ဘေးဒုက္ခသည် စခန်းများမှ စစ်ဘေးဒုက္ခသည် လေးထောင်ကျော်တို့သည် ဇန်န ၀ါရီ ၁၀ ရက်ညက တရုတ်ဘက် သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ တရုတ်က လက်မခံဘဲ ဇန်န၀ါရီ ၁၁ ရက်နံနက်တွင် ပြန်လည် စေ လွှတ်ခဲ့သည်ဟု အရပ်ဘက် အ ဖွဲ့အစည်းကိုးဖွဲ့ဖြင့် ဖွဲ့စည်းထား သည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ JST ကထုတ်ပြန်ခဲ့သည်။ ယင်း နောက် စစ်ဘေးဒုက္ခသည်များ သည် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တွင် ယာယီစခန်းချနေထိုင်ခဲ့ကြ ရသည်။
နိုဝင်ဘာ ၂၀ ရက်ကစ၍ မြန်မာပြည်မြောက်ပိုင်း မဟာ မိတ်တပ်ပေါင်းစုနှင့် တပ်မတော် သည် ရှမ်းပြည်နယ်မြောက်ပိုင်း တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ နယ် စပ်နေမြန်မာများသည် တရုတ် ဘက်သို့ တစ်သုတ်ပြီးတစ်သုတ် ၀င်ရောက် စစ်ဘေးရှောင်ခဲ့ကြ သည်။ စစ်ဘေးရှောင်မြန်မာ သုံး ထောင်ကျော်ကို တရုတ်နယ်စပ် မြို့များဖြစ်သော ၀မ်တိန်နှင့် မန် ဟိုင်းမြို့များ၌ လက်ခံနေရာချ ထားပေးပြီး စားသောက်နေထိုင် ရေးနှင့် လုံခြုံရေးပေးထားကြောင်း တရုတ်သံရုံးက နိုဝင်ဘာ၂၂ ရက် ညနေတွင် သတင်းထုတ်ပြန်ခဲ့ သည်။
===================
251 / End
၁၉ ဇန်နဝါရီ ၂၀၁၇ - ၁၅:၀၂
News ID: 805928
မြန်မာနယ်စပ်မှပြည်သူ များ တရုတ်ဘက်သို့ဝင်ရောက် စစ်ဘေးရှောင်ခြင်းကို တရုတ် ဘက်က တားဆီးခြင်းမရှိဘဲ မြန်မာဒေသဆိုင်ရာ အာဏာပိုင် များကသာ တရုတ်ဘက်သို့ ၀င် ရောက်တိမ်းရှောင်ခွင့်မပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းဌာနများ အား အီးမေးလ်ပေးပို့လာသည်။