အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်တွေ၊ ဇန်နဝါရီ ၁၉ ရက်။ ။ ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခတိမ်းရှောင် ဒုက္ခသည် လူ့အသိုက်အဝန်း နှစ်ခုစလုံး၏ ပညာရေး၊ ကျန်းမာရေးအပါအဝင် လူမှုစီးပွားဘဝ အထွေထွေလိုအပ်ချက်များကို ဖွံ့ဖြိုးတိုးတက်စေရန် သြစတေးလျနိုင်ငံမှ ကူညီပံ့ပိုးသွားမည် ဖြစ်သည်။
ယင်းသို့ အကူညီပေးနိုင်ရေးအတွက် ပြည်နယ်အတွင်း နှစ်ဖက်လူ့အဖွဲ့အစည်း၏ဒုက္ခသည်စခန်းများသို့ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့က ဦးညီပုဦးဆောင်သော ဝန်ကြီးများအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သံမှူးတို့ တွေ့ဆုံမှုအပြီး သတင်းထုတ်ပြန်သည်။
စီးပွားရေးသံအဖွဲ့သည် ယနေ့ ဇန်နဝါရီ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများကို သွားရောက်ခဲ့ပြီး ပညာရေးအခြေအနေများအပါအဝင် ဆက်လက်ကူညီမှု ပြုရမည့် လိုအပ်ချက်များကို မေးမြန်းခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ကူညီမှုများ လိုအပ်လျှက်ရှိနေသည့် အခြေခံအဆောက်အအုံများ အင်အားဖြည့်တင်းရေး ကဏ္ဍရပ်များအတွက် အဆိုပါ သံအဖွဲ့နှင့် ဆွေးနွေးခဲ့ရာတွင် နှစ်ဖက်အဖွဲ့အစည်းများအား ပြန်လည်အဆင်ပြေစေရေး လုပ်ငန်းစဉ်များပါ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချူပ် ဦးညီပုက ပြောသည်။
“ ရခိုင်ပြည်နယ်ရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတစ်ခု ရေးဆွဲနေပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ရယ်။ NGOs ရယ်။ ပညာရှင်တွေရယ်။ ပါဝင်ကြပါတယ်။ ကုလအကူအညီကိုရယူပြီးတော့ ဆောင်ရွက်နေတာပါ။ မူကြမ်းတော့ပြီးနေပါပြီ။ အဓိကကဏ္ဍ ၆ ခုကို ထည့်သွင်းရေးဆွဲနေတာပါ။”
ယင်းအပြင် နိုင်ငံတော်စီမံကိန်းတစ်ရပ် အနေဖြင့်လည်း နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ကိစ္စရပ်များကိုပါ စနစ်တကျထည့်သွင်း လုပ်ဆောင်လျှက်ရှိနေပြီး လက်ရှိ လုပ်ငန်းစဉ်များကို ထိခိုက်မှုမရှိစေရန်အတွက် IDP စခန်းများသို့ ရောက်ရှိသည့်အခါမှာ မှန်မှန်ကန်ကန်ပြောဆို ဆောင်ရွက်ကြရန် ပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးသံအဖွဲ့တို့ကို မှာကြားထားသည်။
===================
251 / End
၁၉ ဇန်နဝါရီ ၂၀၁၇ - ၁၅:၂၂
News ID: 805936
စစ်တွေ၊ ဇန်နဝါရီ ၁၉ ရက်။ ။ ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခတိမ်းရှောင် ဒုက္ခသည် လူ့အသိုက်အဝန်း နှစ်ခုစလုံး၏ ပညာရေး၊ ကျန်းမာရေးအပါအဝင် လူမှုစီးပွားဘဝ အထွေထွေလိုအပ်ချက်များကို ဖွံ့ဖြိုးတိုးတက်စေရန် သြစတေးလျနိုင်ငံမှ ကူညီပံ့ပိုးသွားမည် ဖြစ်သည်။