အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ-ဂျပန်စစ်ဘက် အရာရှိကြီးများအစည်းအဝေး 1st Army to Army Staff Talk ကို ဇန်နဝါရီ ၁၆ ရက်တွင် နေပြည် တော်၌ ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သ တင်းထုတ်ပြန်သည်။
မြန်မာ-ဂျပန်တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့် ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။
အစည်းအဝေးသို့ ဂျပန်မြေ ပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ် ဖွဲ့မှ ဗိုလ်ချုပ်Tadao MAEDA ဦးဆောင်သော ကိုယ်စားလှယ်အ ဖွဲ့တက်ရောက်ခဲ့သည်။ မြန်မာ့ တပ်မတော်ဘက်မှ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ဦးစီးအ ရာရှိချုပ်(ကြည်း)ဗိုလ်ချုပ်မိုးမြင့် ထွန်းနှင့်တာဝန်ရှိသူများ တက် ရောက်ခဲ့သည်။
ဂျပန်ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အတွင်း နေပြည်တော်ရှိ မဟာသ ကျရံသီဘုရားသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုပြီး နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ်၊ စစ်သမိုင်းပြတိုက်၊ အမျိုးသားပြ တိုက်နှင့် အထင်ကရနေရာများ သို့ သွားရောက်လေ့လာခဲ့ကြ ကြောင်း သတင်းထုတ်ပြန်ချက် တွင် ပါရှိသည်။
ဇန်နဝါရီ ၁၅ ရက်က ရောက်ရှိလာသော ဂျပန်ကိုယ် စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာခဲ့သည်။
ဂျပန်သည် နိုင်ငံသမိုင်းတစ် လျှောက် အမြင့်ဆုံးစံချိန်တင်ကာ ကွယ်ရေးအသုံးစရိတ်အဖြစ် ဒေါ် လာ ၄၃ ဒသမ ၆၆ ဘီလီယံနှင့် ညီမျှသည့်ယန်းငွေ ၅ ဒသမ ၁၃ ထရီလီယံကို အသုံးပြုရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရအဖွဲ့က လွန်ခဲ့သည့်လက အတည်ပြုထားသည်။
===================
251 / End
၁၉ ဇန်နဝါရီ ၂၀၁၇ - ၁၆:၃၃
News ID: 805947
မြန်မာ-ဂျပန်စစ်ဘက် အရာရှိကြီးများအစည်းအဝေး 1st Army to Army Staff Talk ကို ဇန်နဝါရီ ၁၆ ရက်တွင် နေပြည် တော်၌ ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သ တင်းထုတ်ပြန်သည်။