၂၃ ဇန်နဝါရီ ၂၀၁၇ - ၁၂:၃၄
လူမျိုးရေးပဋိပက္ခများမဖြစ်ပွားစေရေး ပြည်မြို့တွင် အလုပ်ရုံဆွေးနွေး

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရန် ရည် ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး ပြည် မြို့ သီရိခေတ္တရာမြို့တော်ခန်းမ တွင် ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်ကြာ အလုပ်ရုံဆွေး နွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရန် ရည် ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး ပြည် မြို့ သီရိခေတ္တရာမြို့တော်ခန်းမ တွင် ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်ကြာ အလုပ်ရုံဆွေး နွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ကို ဘာသာရေး အဓိကရုဏ်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေးကွန် ရက်(ပြည်ခရိုင်)နှင့် မန္တလေး တိုင်း၊ ဧရာဝတီတိုင်းတို့ရှိ ဘာ သာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့အ စည်းများ၊ အရပ်ဘက်အဖွဲ့အ စည်းများမှ ကိုယ်စားလှယ်များ လည်း တက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသူများက မိမိတို့ဒေသတွင်း ကြုံတွေ့နေရ သော လူမျိုးရေး၊ ဘာသာရေးဆိုင် ရာ အခက်အခဲများကို ဆွေးနွေး ခြင်း၊ ခွင့်တူညီမျှပြီး မူဝါဒဖြူစင် သည့် မြန်မာပြည်ဖြစ်ခြင်းကို အဓိ ကထား ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက ပြောသည်။

‘‘ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီအသွင်ကူးပြောင်း နေတဲ့ကာလဖြစ်တဲ့အတွက် အင် မတန်မှ သိမ်မွေ့နက်နဲတဲ့အရေး ကြီးတဲ့ကာလဖြစ်တယ်။ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ် တယ်။ အသွင်ကူးပြောင်းတဲ့ကာ လမှာပဲ ၂၀၁၃ ကလောက်ကနေ စပြီးတော့ မလိုလားအပ်တဲ့ပြဿ နာတွေ ပဲခူးတိုင်းအနောက်ခြမ်း ထဲမှာ ဖြစ်ခဲ့တာတွေရှိတယ်။ ဒါမျိုးတွေ နောင်တစ်ချိန်မှာ လူမျိုးရေး၊ ဘာသာရေး မဖြစ်ပွားအောင် ဘယ်လို ဆောင်ရွက်မလဲဆိုပြီး အလုပ်ရုံဆွေးနွေးပွဲလုပ်ရခြင်း ဖြစ်ပါတယ်’’ဟု အလုပ်ရုံဆွေးနွေးပွဲစီစဉ်သူ ပြည်ခရိုင်ဘာသာရေး အဓိကရုဏ်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေးကွန်ရက်မှ ဦးကျော် ဆန်းက ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် စာ ရေးဆရာမကြီး စမ်းစမ်းနွဲ့(သာ ယာဝတီ)၊ ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ် ဦးနေ ဘုန်းလတ်၊ ဦးသန်းဝင်းထွဋ် (DVB)တို့က ဦးဆောင်ကာ တက် ရောက်လာသည့် အရပ်ဘက်အ ဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးနှင့် ဘာသာပေါင်းစုံ အတူတကွ ယှဉ် တွဲနေထိုင်ရေးနှင့်ပတ်သက်သော ကိစ္စရပ်များကို အပြန်အလှန်ဆွေး နွေးခဲ့သည်။

‘‘ကောလာဟလစကားတွေ အပေါ်မှာ ကိုယ်လိုရာဆွဲ ပုံကြီးချဲ့ ပြီးတော့ မလိုလားအပ်တဲ့ ပြဿ

နာကို ဖန်တီးနေကြတာ အင်မတန် မှ ဉာဏ်တိမ်တယ်လို့ ပြောချင် တယ်။ အဲဒီအပေါ်မှာ မလေ့မလာ မစူးမစမ်းကြဘဲနဲ့ သုံးသပ်ဆုံးဖြတ် ကြတဲ့အလေ့အကျင့်များဆက်ပြီး ထားမယ်ဆိုရင် ကျွန်မတို့နိုင်ငံ ဟာ အမှန်အကန် အဖြစ်အပျက် တွေပေါ်မှာ ပြုပြင်ထိန်းကျောင်း နိုင်တဲ့ အလုပ်မျိုးကို အောင်မြင် အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အဓိကကတော့ ဘယ်ကိစ္စမဆို ကောလာဟလစကားတွေကို ချက်ချင်း လက်မခံဖို့ မှန်ကန်သော စကားများ၊ သတင်းများကို လက်ခံဖို့လိုတယ်’’ဟု စာရေးဆရာမ ကြီး စမ်းစမ်းနွဲ့(သာယာဝတီ) က ဆွေးနွေးပြောကြားသည်။

ပြည်မြို့တွင် ပြီးခဲ့သည့် ဇန် နဝါရီ ၁၅ ရက်က အစ္စလာမ်ဘာ သာဝင်များ၏တမန်တော် မွေးနေ့ ဘာသာရေးအခမ်းအနားကျင်းပ ရန် စီစဉ်ထားမှုကို ကန့်ကွက်ခြင်း များ၊ ဘာသာရေးအဓိကရုဏ်း ဖြစ်ရန် လှုံ့ဆော်မှုများ ရှိခဲ့ရာ ထို လုပ်ရပ်များကို ထိရောက်စွာ အရေးယူရန်နှင့် နောင်တွင် အလားတူဖြစ်ရပ်များ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ပြည်မြို့အခြေစိုက်အရပ် ဘက်အဖွဲ့အစည်း ၂၇ ဖွဲ့တို့ ပူးပေါင်းကာ ဇန်နဝါရီ ၁၇ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန် ခဲ့သည်။

===================  
251 / End