၂၅ ဇန်နဝါရီ ၂၀၁၇ - ၂၀:၀၈
စိတ်ဝင်စားစရာများဖြင့် ပြန်လာတော့မည့် လွှတ်တော်

တစ်လကျော်ကြာ ရပ်နားထားပြီးနောက် ယခုလ နောက်ဆုံးပတ်တွင် ပြန်လည်စတင်ကျင်းပမည့် နေပြည်တော် လွှတ်တော် အစည်းအဝေးများ၌ စိတ်ဝင်စားစရာ အစီအစဉ်များက စောင့်ကြိုနေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တစ်လကျော်ကြာ ရပ်နားထားပြီးနောက် ယခုလ နောက်ဆုံးပတ်တွင် ပြန်လည်စတင်ကျင်းပမည့် နေပြည်တော် လွှတ်တော် အစည်းအဝေးများ၌ စိတ်ဝင်စားစရာ အစီအစဉ်များက စောင့်ကြိုနေသည်။

ဇန်န၀ါရီ ၃၀ ရက်တွင် ပြန်လည်စတင်မည့် လွှတ်တော်၌ အစိုးရသစ်သက်တမ်း ဒုတိယနှစ်ဘတ်ဂျက်အပါအ၀င် နိုင်ငံအတွက်မဖြစ်မနေ လိုအပ်နေသည့် ဥပဒေကြမ်းများဆွေးနွေးမည်ဖြစ်သည်။

‘‘ဒီတစ်ခေါက် လွှတ်တော်က ပြည်သူတွေ စိတ်ဝင်စားမှုကိုရမှာ အဓိကကတော့ ဘတ်ဂျက်ပေါ့ဗျာ။ အစိုးရက ပြည်သူအတွက် ပိုက်ဆံတွေ ဘယ်လိုသုံးထားလဲဆိုတာ လွှတ်တော်စရင် သိရပြီ’’ဟု ဒီချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။

လွှတ်တော်တွင် ဆွေးနွေးမည့် ယခုတစ်ခေါက် ဘတ်ဂျက်သည် ဒီချုပ်အစိုးရကိုယ်တိုင်ရေးဆွဲထားခြင်းဖြစ်ကာ ယခင်ဘတ်ဂျက်ကို သမ္မတဦးသိန်းစိန်အစိုးရက ဒီချုပ်အစိုးရသက်တမ်း ပထမနှစ်အတွင်း သုံးစွဲနိုင်ရန် ရေးဆွဲပေးခြင်းဖြစ်သည်။

ဒီချုပ်အစိုးရ ရေးဆွဲထားသော ဘတ်ဂျက်သည် ရငွေစုစုပေါင်း ကျပ် ၁၆ ဒသမ ၇၆၈ ထရီလီယံနှင့် သုံးငွေကျပ် ၂၀ ဒသမ ၈၉၆ ထရီလီယံရှိနေကာ လိုငွေပမာဏသည် ကျပ် ၄ ဒသမ ၁၂၈ ထရီလီယံဖြစ်နေကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

ယင်းဘတ်ဂျက်ကို အစိုးရအဖွဲ့က လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်ကာ လွှတ်တော်ကလည်း စိစစ်မှုများ ပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များဖြင့် အဖွဲ့ ၁၇ ဖွဲ့ ဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

‘‘ဘတ်ဂျက်ကတော့ လွှတ်တော်ကို ရောက်နေပါပြီ။ ၀န်ကြီးဌာနအလိုက် စိစစ်ဖို့ အဖွဲ့တွေဖွဲ့ထားတယ်။ ပြည်သူ့အတွက် ဘတ်ဂျက်ကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ ဒီအဖွဲ့တွေက စိစစ်ကြမယ်။ တွေ့ရှိချက်တွေကို လွှတ်တော်ကို တင်ပြမယ်’’ဟု ၎င်းက ဆိုသည်။

ယခုတစ်ခေါက် ဘတ်ဂျက်တွင် စိတ်ဝင်တစားစောင့်ကြည့်ရမည့်အချက်မှာ လူထုထောက်ခံမှုတစ်ခဲနက်ဖြင့် တက်လာသော ဒီချုပ်အစိုးရသည် တိုင်းပြည်တွင် နိမ့်ကျနေသော ပညာရေးနှင့်ကျန်းမာရေးကဏ္ဍတို့၌ ငွေမည်မျှသုံးစွဲမည်ဆိုသော အချက်ပင်ဖြစ်သည်။

‘‘ပြီးခဲ့တဲ့ ဘတ်ဂျက်ကတော့ထားပါတော့။ အခုဘတ်ဂျက်က သူတို့ (ဒီချုပ်အစိုးရ) ကိုယ်တိုင်ဆွဲထားတာ၊ ပညာရေးနဲ့ ကျန်းမာရေးကို မြှင့်တင်မယ်လို့လည်း ပြောထားတယ်။ အဲဒီတော့ အခု ဘယ်လောက် တိုးသုံးထားလဲဆိုတာ စောင့်ကြည့်ရမယ်’’ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ဆယ်စုနှစ်နှင့်ချီကာ နိမ့်ကျခဲ့ရသော ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများကို ဆွဲတင်နိုင်ရေးအတွက် တိုးမြှင့်သုံးစွဲလာမည့် ဘတ်ဂျက်ပမာဏအပြင် ကာကွယ်ရေးအသုံးစရိတ်ပမာဏ မည်မျှရှိမည်ကိုလည်း နိုင်ငံရေးလ့လာသူများက စိတ်ဝင်စားနေသည်။

စိတ်ဝင်စားစရာ အကောင်းဆုံးဘတ်ဂျက်အရေးပြီးပါက ဥပဒေကြမ်းများကလည်း လွှတ်တော်အစည်းအဝေးများအပေါ်လူထု၏စိတ်ဝင်စားမှုကို ဖမ်းစားပေးလိမ့်မည်ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာတွင် ရပ်နားခဲ့သော လွှတ်တော်၌ အပြီးသတ်မဆွေးနွေးနိုင်ခဲ့သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

ယင်းဥပဒေကြမ်းသည် လူတစ်ဦးတစ်ယောက်အား နောက်ယောင်ခံလိုက်ခြင်း၊ တယ်လီဖုန်းလိုင်းများ ကြားဖြတ်နားထောင်ခြင်းတို့မှ အကာအကွယ်ပေးနိုင်သော ဥပဒေကြမ်းဟု ဒီချုပ်ပါတီဝင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဆိုသည်။

သို့သော် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးစဉ်အခါက လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ဦးစားပေးလွန်းလျှင် နိုင်ငံတော်လုံခြုံရေး ကျိုးပေါက်နိုင်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြဆွေးနွေးသဖြင့် ပြန်လည်ကျင်းပမည့် လွှတ်တော်တွင် အတည်ပြုနိုင်ရေးအတွက် လွှတ်တော်အတွင်း အကြိတ်အနယ်ဆွေးနွေးမှု ရှိလာနိုင်မည်လားကို စောင့်ကြည့်ရမည်ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းအပြင် ဥပဒေကြမ်းအသစ်များအဖြစ် နိုင်ငံခြားသားများ ဥပဒေကြမ်းနှင့် တရားခံလွှဲပြောင်းရေး ဥပဒေကြမ်း တို့ ဆွေးနွေးရမည်ဖြစ်သည်။

နိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာ သည့်အပြင် နိုင်ငံတကာနှင့် ချိတ် ဆက်လုပ်ဆောင်မှုများပြားလာ ချိန်တွင် နိုင်ငံခြားသားများ ဥပဒေ ကြမ်းနှင့် တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်းတို့သည် မရှိမဖြစ် လို အပ်နေသော ဥပဒေကြမ်းများဖြစ် ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ဆိုသည်။

ယခင်က နိုင်ငံတွင် မရှိခဲ့ဖူး သော ဥပဒေကြမ်းတစ်ခုသည် လည်း လာမည့် လွှတ်တော်တွင် ဆွေးနွေးရန်ရှိနေကာ ယင်းဥပဒေ ကြမ်းကို အစိုးရ၏ ပစ္စည်းဝယ်ယူ ရေး ဥပဒေကြမ်းဟု အမည်တပ် ထားသည်။

နိုင်ငံအတွက် လိုအပ်သော ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ က ၀ယ်ယူရာတွင် သတ်မှတ်ထား သော စံချိန်စံညွှန်းများနှင့် ပြည့်မီစေရန် ဥပဒေကြမ်းကို ရည်ရွယ် ရေးဆွဲထားခြင်းဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိရလေဘဲ အကျိုးရှိအောင် သုံးစွဲကြရန် မှာကြားနေသော သမ္မတဦးထင်ကျော်အစိုးရလက်ထက်တွင် ဆွေးနွေးရန်မှာ အချိန်အခါ ကောင်းပင်ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ယူဆသည်။

 ဥပဒေကြမ်းများ၏နောက် တွင် စိတ်ဝင်စားစရာကောင်းသည့် အဆိုအဖြစ် ပြီးခဲ့သည့် အမျိုးသားလွှတ်တော်တွင် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းထားပြီး ဆွေးနွေးမှုမပြုလုပ်ရသေးသည့် မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (MICA) ဖျက်သိမ်းရေးအဆိုကို ဆွေးနွေးရန်ရှိနေသည်။

‘‘ဆွေးနွေးဖို့ အမည်ပေးထားတာတော့ ၁၀ ဦးလောက်ရှိပြီလို့ သိထားရတယ်။ ဒီတစ်ခေါက်မှာ ဆွေးနွေးဖို့ရှိတယ်လည်း သိထားတယ်’’ဟု အဆိုရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအားကာမိုးက ဆိုသည်။

MICA သည် နိုင်ငံတော်၏ သားငါးကဏ္ဍတိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရန် ရည်ရွယ်ပြီး ယခင်အစိုးရလက်ထက်က ဖွဲ့ စည်းထားခြင်းဖြစ်သည်။ သို့သော်  နိုင်ငံတော်နှင့် နိုင်ငံသားများအ တွက် အကျိုးမရှိဘဲ လူတစ်စုက MICA ကို လက်ဝါးကြီးအုပ်ခြယ်လှယ်သည်ဟုဆိုပြီး ဖျက်သိမ်းရန် ဒေါက်တာအားကာမိုးက လွှတ်တော်သို့ အဆိုတင်သွင်းထားသည်။

စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့ သူ ပြည်ထောင်စုဝန်ကြီး ဦးစိုး သိမ်းသည် လက်ရှိတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှိနေသောကြောင့် MICA ဖျက်သိမ်းရေးအဆိုအပေါ် ၎င်းကိုယ် တိုင် ၀င်ရောက်ဆွေးနွေးပါ့မလားဆိုသည်မှာ လာမည့်လွှတ်တော်ကို စိတ်ဝင်တစားစောင့်ကြည့်စေရမည့်အချက်ဖြစ်နေသည်။

မေးခွန်းများအနေဖြင့်လည်း ပြီးခဲ့သည့် လွှတ်တော်က ကျန်ရှိaနမှုများပါဝင်ပါက တစ်ရာကျော်ရှိနေပြီး ဒေသဖွံ့ဖြိုးရေးအတွက် အဓိကထား မေးမြန်းထားမှုများ ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။

မေးခွန်းများမေးမြန်းခြင်း၊ အဆိုများဆွေးနွေးခြင်း၊ ဥပဒေပြု ခြင်းနှင့် နိုင်ငံသားများအတွက် မလိုအပ်သော ဥပဒေများကို ပယ် ဖျက်ခြင်းတို့ကို ဆောင်ရွက်ရင်း လျှောက်လှမ်းလာခဲ့သော လွှတ်တော်သည် မကြာမီတွင် တစ်နှစ်သက်တမ်းရှိတော့မည်ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းကပင် ဒီချုပ်သည် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည် လေ့လာစိစစ် သုံးသပ်မည့်အဖွဲ့ကို ပါတီဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်အား ခေါင်းဆောင်အဖြစ် တာဝန်ပေးပြီး ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့သည် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းကို စောင့်ကြည့်မည်ဖြစ်သဖြင့် ဒီချုပ်လွှတ်တော်အမတ်များ လွှမ်းမိုးနေaသာ လွှတ်တော်တွင် ဒီချုပ်အမတ်များ၏ စွမ်းဆောင်ရည်မည်သို့ ပြောင်းလဲလာမည်လဲဆိုသည်ကလည်း စောင့်ကြည့်ရမည့်အချက် တစ်ချက်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ကျင်းပခဲ့သည့် ဒီချုပ်နေရာ အများစုရရှိထားသော လွှတ်တော်အစည်းအဝေးများသည် ပုံမှန်အစည်းအဝေးတစ်ခုထက် စိတ်ဝင်စားစရာ ကောင်းလာပြီး လွှတ်တော်ရုပ်သံလိုင်းမှတစ်ဆင့် တကူးတက စောင့်ကြည့်ရသည်အထိ လူထုစိတ်ဝင်စားမှုကို ရရှိခဲ့သည်။

‘‘တစ်နှစ်ပြည့် လွှတ်တော်ကလည်း ပြည်သူလူထုအကျိုးရှိမယ့် ဘာတွေကို လုပ်ပေးဦးမလဲဆိုတာ စိတ်ဝင်တစား ဆက်စောင့်ကြည့် နေရဦးမှာပါ’’ ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောသည်။
 

===================  
251 / End