အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်သစ်ပြန်လည်ရွေးချယ်ရာတွင် လက်ရှိဥက္ကဋ္ဌကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လအနေဖြင့် ရွေးချယ်ခံတော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။
UNFC၏ ဒုတိယအကြိမ်ညီ လာခံကို လာမည့် မတ်လ၂၀ရက် နောက်ပိုင်း ကျင်းပရန် စီစဉ် ထားပြီး ခေါင်းဆောင်ရွေးချယ်မှု ပြန်လည်ပြုလုပ်မည်ဟု UNFCအ ဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) မှ နိုင်ရွှေသိန်းကပြောသည်။
‘‘နောက်တစ်ခါကျရင် သူ များတွေဖြစ်လိမ့်မယ်ထင်တာပဲ လေ။ သူ(ဗိုလ်ချုပ်ကြီးအင်ဘန် လ)လည်းမယူတော့ပါဘူး။ ပြန် ရွေးဖို့ရှိတယ်။ဘယ်သူဖြစ်မယ်ဆို တာ ဘယ်လိုမှ စဉ်းစားလို့မရဘူး။ သူကနှစ်ခါလောက်ရှိပြီဆိုတော့ လည်း သူက မယူတော့ဘူးလို့ ပြောတာပေါ့’’ဟု နိုင်ရွှေသိန်းက ဇန်န၀ါရီ ၂၆ရက်တွင်ပြောသည်။
UNFCခေါင်းဆောင်ရွေး ချယ်မှုပြုလုပ်မည်ဖြစ်သော်လည်း အဖွဲ့၏ မူဝါဒမှာ အပြောင်းအလဲ များစွာရှိမည်မဟုတ်ကြောင်း၎င်း ကဆိုသည်။
၂၀၁၁ ဖေဖော်ဝါရီ ၁၂ရက် မှ ၁၆ရက်အထိ ကျင်းပသော တိုင်းရင်းသားလူမျိုးများညီလာခံ တွင် UNFCကို စတင်ဖွဲ့စည်းခဲ့ ပြီး ဥက္ကဋ္ဌအဖြစ်ဗိုလ်ချုပ်ကြီး အင်ဘန်လက တာဝန်ယူခဲ့ သည်။ ၂၀၁၄ က ကျင်းပခဲ့သည့် ပထမအကြိမ် UNFCညီလာခံ တွင် ခေါင်းဆောင်သစ်ပြန်လည် ရွေးချယ်ရာ၌ ဗိုလ်ချုပ်ကြီးအင်ဘန်လပင်ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံခဲ့ရသည်။
UNFC ဖွဲ့စည်းစဉ်က ကရင် အမျိုးသားအစည်းအရုံး (KNU)၊ KIO/KIAတို့အပါအ၀င် အဖွဲ့အ စည်း ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ၂၀၁၄က ကျင်းပသည့် UNFCညီလာခံမတိုင်မီ UNFC၏ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ သဘော ထားကွဲလွဲကာ KNUအဖွဲ့က UNFCတွင် အဖွဲ့ဝင်အဖြစ် ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။
၂၀၁၅ အောက်တိုဘာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)၌ ပါဝင်လက်မှတ်ရေးထိုး ခဲ့သည့် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ ကို UNFCက အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည်။ UNFC အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက် သွားရန်ဆုံးဖြတ်ထားပြီးဖြစ်သည် ဟု PNLOအဖွဲ့က ၂၀၁၆နှစ်ကုန် တွင် သတင်းထုတ်ပြန်ခဲ့သည်။
UNFCနှင့် တပ်ပေါင်းစုမ ဟုတ်သော ပူးပေါင်းဆောင်ရွက် မှုလုပ်ဆောင်မည်ဟု KNUအထွေ ထွေအတွင်းရေးမှူးချုပ် ဖဒိုစော ကွယ်ထူးဝင်းကပြောကြားသည်။
UNFCအဖွဲ့ဝင်အဖြစ် ယာ ယီရပ်ဆိုင်းထားသည့်ကိစ္စကို မတ်လ၁၄ရက်တွင် စတင်ကျင်းပ မည့် KNUညီလာခံ၌ ဆုံးဖြတ် မည်ဖြစ်သည်။ KNUအဖွဲ့ UNFC သို့ ပြန်လည်ပါဝင်မည်ဆိုပါကအ မြဲတမ်းတံခါးဖွင့်ထားသည်ဟု UNFC ဒုဥက္ကဋ္ဌနိုင်ဟံသာက ပြော ကြားထားသည်။
===================
251 / End
၂၇ ဇန်နဝါရီ ၂၀၁၇ - ၁၆:၁၉
News ID: 807651
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်သစ်ပြန်လည်ရွေးချယ်ရာတွင် လက်ရှိဥက္ကဋ္ဌကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လအနေဖြင့် ရွေးချယ်ခံတော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။