အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဦးကိုနီ သေနတ်ပစ်ခံရ မှုသည် နိုင်ငံတော်အတွင်း တည် ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်နိုင် ကြောင်း ကနဦး စစ်ဆေးချက်များ အရ သုံးသပ်တွေ့ရကြောင်း ဖြစ် စဉ်ဖြစ်ပွားပြီး ၂၅ နာရီအကြာ ဇန်နဝါရီ ၃၀ ရက်တွင် သမ္မတရုံး က သတင်းထုတ်ပြန်သည်။
ယင်းဖြစ်စဉ်ကြောင့် ပြည် သူများ အထိတ်တလန့်မဖြစ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြ ရန် သမ္မတရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။ သို့သော် ဘာသာရေးနှင့် လူမျိုးရေး သွေးထိုးမှုများကို အ ထူးပြုကြရန် သမ္မတရုံးက သတိ ပေးထားသည်။
လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ် နှင့် စပ်လျဉ်း၍ တည်ငြိမ်အေးချမ်း မှု ပျက်ပြားအောင် လုပ်ဆောင်မှုများ၊ ထူးခြားမှုများ တွေ့ရှိပါက တာဝန်ရှိသူများထံ အမြန်ဆုံး ဆက်သွယ်အသိပေးရန်လည်း သမ္မတရုံးက မေတ္တာရပ်ခံသည်။
အစိုးရအနေဖြင့် ဖြစ်စဉ် အ မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်း စစ်ဆေးမှုများ ဆက်လက်ဆောင် ရွက်နေကြောင်းနှင့် လေဆိပ်တွင် သေနတ်ပစ်ခံရသည့် အခြေအနေ ပေါ်မူတည်၍ လုံခြုံရေးအစီအမံ များလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒီချုပ်ဥပဒေအကြံပေး ဦးကိုနီ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ထို့အပြင် တပ်မတော်ဘက် က ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ် မှုကျူးလွန်သူများကို အမြန်ဖမ်း ဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန် သည်။ ယင်းဖြစ်စဉ်သည် လုံခြုံရေး နှင့် ပတ်သက်၍ များစွာထိခိုက် စေခြင်းကြောင့် ဖြစ်စဉ်မှန် ပေါ် ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများ အမြန် ဖမ်းဆီးရမိရေးအတွက် တပ်မတော် အနေဖြင့် လုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ ဦးကြည် လင်းဆိုသူက သေနတ်ဖြင့် ပစ် ခတ်မှုကြောင့် သေဆုံးခဲ့သည်။
ထို့အပြင် သေနတ်သမားကို ဝိုင်းဝန်းဖမ်းဆီးပေးသည့် တာဝန် သိပြည်သူ အငှားယာဉ်မောင်း ဦးနေဝင်းလည်း သေနတ်ထိမှန် သေဆုံးသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့တို့ကလည်း ဝမ်းနည်းကြောင်း အသီးသီးထုတ်ပြန် ကြေညာခဲ့သည်။
အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဦးကိုနီသည် မြန်မာ့ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက်ခဲ့သူတစ်ဦးအဖြစ် ထုတ်ပြန်ချက်များတွင် ချီးကျူး ဂုဏ်ပြုကြသည်။
မြန်မာနိုင်ငံသည် ရခိုင်ပြည် နယ်အရေးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံအချို့၏ ဖိအားပေးမှုကို ရင်ဆိုင်နေရချိန်၌ ယခုကိစ္စ ပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။
===================
251/End