၃ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၁၅
ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ပြည်နယ်အစိုးရ ဦးဆောင်ကျင်းပမည်

ဖေဖော်ဝါရီ ၇ ရက် တွင် ကျရောက်မည့် နှစ် (၇၀) ပြည့် ရှမ်းပြည်နယ်နေ့အခမ်းအ နားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပမည်ဟု သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဖေဖော်ဝါရီ ၇ ရက် တွင် ကျရောက်မည့် နှစ် (၇၀) ပြည့် ရှမ်းပြည်နယ်နေ့အခမ်းအ နားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပမည်ဟု သတင်းရရှိ သည်။

ရှမ်းပြည်နယ်နေ့အခမ်းအ နားကို တောင်ကြီးမြို့ သစ်တော ရပ်ကွက် ကျောက်တိုင်ကွင်းရှိ မိုး လုံလေလုံအားကစားခန်းမတွင် ဖေဖော်ဝါရီ ၇ ရက်မှ ၁၂ ရက်အ ထိ ခြောက်ရက်တိုင်ကျင်းပရန် စီ စဉ်ထားကြောင်း ရှမ်းပြည်နယ်အ စိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီ မံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးစိုး ညွန့်လွင်က ပြောသည်။

‘‘ရှမ်းပြည်နယ်နေ့ အခမ်းအ နားမှာ နယ်ပယ်အသီးသီးက ထူး ချွန်တဲ့သူတွေကို သတ်မှတ်နည်း ဥပဒေတွေနဲ့အညီ ပြည်နယ်ဝန် ကြီးချုပ်ကဆုပေါင်း ၄၉ ဆု ချီး မြှင့်ပေးသွားမယ်’’ဟု ဦးစိုးညွန့် လွင်က ပြောသည်။

ရှမ်းပြည်နယ်ရှိ စီမံထူးချွန်ဆု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု၊ စီးပွားရေးထူးချွန်ဆု၊ စိုက်ပျိုးရေးထူး ချွန်ဆု၊ မွေးမြူရေးထူးချွန်ဆု တ တိယအဆင့်၊ ကျန်းမာရေးထူးချွန်ဆု၊ လူမှုထူးချွန်ဆုတို့ကို နယ်ပယ်အသီးသီးရှိပုဂ္ဂိုလ်များအား ချီးမြှင့်ပေးမည်ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။

ယင်းအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြ ခန်း၊ မူးယစ်းဆေးဝါးအန္တရာယ်အ သိပညာပေး ပြခန်းများ၊ ရှမ်းပြည် နယ်ထွက်ကုန် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲများ နှင့် ဆုပေးပွဲများကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

===================
251/End