အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာနက ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအ တွက် ပထမဆုံးအကြိမ် ကျပ်သိန်း သုံးထောင်ထောက်ပံ့လှူဒါန်းပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက် ရောက်လှူဒါန်းခဲ့သည်။
ကချင်ပြည်နယ်အတွင်းနယ် မြေလုံခြုံရေး အခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများ အတွက် ထောက်ပံ့ငွေပေးအပ် လှူဒါန်းပွဲကို ဖေဖော်ဝါရီ ၂ရက် က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့ (KIO/KIA)တို့အ ကြား ၂၀၁၁ဇွန်လကစတင်ဖြစ် ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခကြုံနေရသည့် ကချင်ဒေသခံတစ်သိန်းကျော်သည် ဒုက္ခသည်စခန်းများတွင် ခက်ခဲကျပ်တည်းစွာ နေထိုင်နေရဆဲဖြစ် သည်။
တပ်မတော်နှင့် KIAတို့အ ကြား တိုက်ပွဲများဆက်လက်ဖြစ် ပွားနေ၍ ဒုက္ခသည်အရေအတွက် ထပ်မံတိုးပွားနေဆဲဖြစ်သည်။ ယခုကဲ့သို့ စခန်းမျိုးတွင် နေထိုင် သည်မှာ မည်သို့မျှမကောင်းဘဲ မည်သူမျှ ရေရှည်မနေချင်ကြောင်းနှင့် အမြန်ဆုံးကိုယ့်အိမ်ကိုယ့်ယာ ပြန်နိုင်အောင်လုပ်ပေးစေချင်သည်ဟု ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။
ပြည်သူများ နောင်တွင် စစ် ဘေးဒုက္ခသည်စခန်းများ၌ မနေရရေးအတွက် ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်နေကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးကို ဦးစားပေးစောင့် ရှောက်ရန်လိုအပ်ပြီး စစ်ဘေးဒုက္ခ သည်များ၏ နေ့စဉ်စားသောက် ရေးနှင့် ကလေးသူငယ်များပညာ ဆက်လက် သင်ယူနိုင်အောင် ကူညီရန်နှင့် အသက်မွေးဝမ်း ကျောင်းပညာများ တတ်နိုင်သမျှ ပံ့ပိုးပေးရန်၊ အမျိုးသမီးများကို အိမ်တွင်နေထိုင်ပြီး လုပ်ကိုင်နိုင် သည့် အသက်မွေးဝမ်းကျောင်း ပညာများသင်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
===================
251/End
ကချင်စစ်ဘေးဒုက္ခသည်များအတွက် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ကျပ်သိန်းသုံးထောင်လှူဒါန်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
၃ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၂၅
News ID: 809219
နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာနက ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအ တွက် ပထမဆုံးအကြိမ် ကျပ်သိန်း သုံးထောင်ထောက်ပံ့လှူဒါန်းပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက် ရောက်လှူဒါန်းခဲ့သည်။