အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းအတွက် ထောက် ပံ့ရေးပစ္စည်းများ လာရောက်ပို့ ဆောင်သော မလေးရှားသင်္ဘော သည် မလေးရှားနိုင်ငံမှ ဖေဖော်ဝါရီ ၃ ရက်က ထွက်ခွာလာပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘ဖေဖော်ဝါရီ ၃ ရက် ထွက် လာမယ်။ ရန်ကုန်ဆိပ်ကမ်းကို ၇ ရက် ရောက်မယ်။ အစီအစဉ်က တော့ ကျွန်တော်တို့ အစီအစဉ်နဲ့ ပဲ လုပ်သွားမှာပါ’’ ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောသည်။
မလေးရှားနိုင်ငံရှိ အစ္စလာမ် မစ်အဖွဲ့အစည်းက ထောက်ပံ့ရေးပစ္စည်းများကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများထံသို့ သင်္ဘောဖြင့် လာရောက်ပို့ဆောင်ရန် နိုင်ငံ တော်သမ္မတဦးထင်ကျော်ထံ တိုက်ရိုက်စာတင်၍ တရားဝင်ခွင့်ပြု ချက်ဖြင့် လာရောက်ခြင်းဖြစ် ကြောင်း ဦးဇော်ဌေးကဆက်လက်ပြောကြားသည်။
အဆိုပါသင်္ဘောကို ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ်ခွင့်ပေးမည်မဟုတ်ဘဲ ရန်ကုန် ဆိပ်ကမ်းသို့သာ ဆိုက်ကပ်ခွင့်ပြုမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
ထို့အပြင် သင်္ဘောပေါ်တွင် လူအများအပြားလိုက်ပါ ခွင့်ပြု မည်မဟုတ်ဘဲ လိုက်ပါလာသူများအနက် အချို့ကိုသာ ရန်ကုန်ဆိပ် ကမ်းကုန်းပေါ်သို့ တက်ခွင့်ပြုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘လိုက်ပါတဲ့သူတွေထဲက လူ ၃၀ လောက်ပဲ ဆင်းခွင့်ပေး မယ်။ သင်္ဘောပေါ်မှာ ဆန်မပါ ဘူးပြောတယ်။ ဆန်ကိုတော့ ဒီ မြန်မာနိုင်ငံက ၀ယ်ချင်တယ်ပြော တယ်။ ၀ယ်ဖို့အတွက် မလေးရှား သံရုံးရယ် သူတို့ထဲကသုံးယောက် ကြိုလာမှာပေါ့။ ကြိုလာပြီးတော့ ဆန်တွေ ဈေးကွက်ထဲမှာ လိုက် ၀ယ်မှာပေါ့။ သူတို့ကိုဆိပ်ကမ်း နဲ့ မလှမ်းမကမ်းနေရာမှာ လွှဲ ပြောင်းလက်ခံပွဲလုပ်မယ်။ အဲဒီလို တော့ စီစဉ်ထားပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။သင်္ဘောပေါ်တွင် စေတနာ့ဝန်ထမ်း ၂၃၀ ပါဝင်သည်။
အင်ဒိုနီးရှားအစိုးရကလည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအပါ အ၀င် လူမျိုးစုနှစ်ခုအား ထောက် ပံ့ရေးပစ္စည်းများ ပေးဝေထား သည်။ ရခိုင်ပြည်နယ်သို့ ထောက် ပံ့ရေးလာရောက်ပို့ဆောင်မည့် နိုင်ငံတကာမှ အဖွဲ့အစည်းများ သည် နိုင်ငံတော်အတိုင်ပင်ခံ ရုံးသတင်းထုတ်ပြန်ရေးကော်မ တီက ချမှတ်ထားသောမူများဖြင့် ကိုက်ညီမှုရှိမှသာ လက်ခံဆောင် ရွက်မည်ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။
အကူအညီများပေးအပ်ရာတွင်ရခိုင်ပြည်နယ်ရှိ အသိုင်းအ၀ိုင်း နှစ်ခုစလုံးသို့ ခွဲခြားမှုမရှိဘဲ ပေးရန် သတ်မှတ်ထားသည်။
===================
251/End
၄ ဖေဖော်ဝါရီ ၂၀၁၇ - ၁၉:၄၈
News ID: 809469
ရခိုင်ပြည်နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းအတွက် ထောက် ပံ့ရေးပစ္စည်းများ လာရောက်ပို့ ဆောင်သော မလေးရှားသင်္ဘော သည် မလေးရှားနိုင်ငံမှ ဖေဖော်ဝါရီ ၃ ရက်က ထွက်ခွာလာပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်။