၁၄ ဖေဖော်ဝါရီ ၂၀၁၇ - ၁၈:၅၃
ဗိုလ်ချုပ်မွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်လေ့လာသူ တစ်ထောင့်ငါးရာကျော်ရှိ

ဗိုလ်ချုပ်အောင်ဆန်းပြ တိုက်ကို အပတ်စဉ် တနင်္လာနေ့ တိုင်းပိတ်လေ့ရှိသော်လည်း ယခု နှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့နှင့် တိုက်ဆိုင်နေသော ကြောင့် ဖွင့်လှစ်ပေးပြီး ယခင်နှစ် ထက် လာရောက်လည်ပတ်သူ ခြောက်ရာကျော် ပိုမိုများပြားခဲ့ ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဗိုလ်ချုပ်အောင်ဆန်းပြ တိုက်ကို အပတ်စဉ် တနင်္လာနေ့ တိုင်းပိတ်လေ့ရှိသော်လည်း ယခု နှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့နှင့် တိုက်ဆိုင်နေသော ကြောင့် ဖွင့်လှစ်ပေးပြီး ယခင်နှစ် ထက် လာရောက်လည်ပတ်သူ ခြောက်ရာကျော် ပိုမိုများပြားခဲ့ ကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့ လာရောက်သူ ၁,၅၂၂ ဦးရှိပါတယ်။ မနှစ်က တော့ ၉၀၆ ဦးပါ’’ဟု ဗိုလ်ချုပ် အောင်ဆန်းပြတိုက်၏ ပြတိုက် မှူး ဒေါ်သီသီသောင်းက ပြော သည်။ ဗိုလ်ချုပ်အောင်ဆန်း ပြ တိုက်ကို အပတ်စဉ် တနင်္လာနေ့ တိုင်းပိတ်သော်လည်း ယခုနှစ် တွင် ဗိုလ်ချုပ်၏ အသက် (၁၀၂) နှစ်ပြည့်မွေးနေ့နှင့် တိုက်ဆိုင်နေ ခြင်းကြောင့် ဖွင့်လှစ်ပေးခဲ့သည်။

‘‘ရွာက ဒကာ၊ ဒကာမတွေ ရောက်ဖူးအောင်ဆိုပြီး လိုက်ပို့ တာ။ ဗိုလ်ချုပ်မွေးနေ့ဆိုတော့ မ ပိတ်လောက်ဘူးဆိုပြီး အတိအ ကျလာတာ။ အရင်အခေါက်တွေ က လာဖူးတယ်။ အဲဒီတုန်းက တော့ ပိတ်ထားလို့ ပြန်ပြန်လှည့် သွားရတာ။ ရွာကလူတွေတင် ၂၀ ကျော်တယ်’’ ဟု ဗိုလ်ချုပ်ပြ တိုက်သို့ လာရောက်လေ့လာ သည့် မဟာဗောဓိဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးသည့် ဦးတိက္ခစာရက မိန့်ကြားသည်။

အဆိုပါပြတိုက်ကို ယခင်က တစ်ဦးလျှင် ၃၀၀ ကျပ်ကောက်ခံခဲ့သော်လည်း ပြီးခဲ့သည့်နှစ် သြဂုတ် ၁၀ ရက်ကစ၍ နိုင်ငံသား များအားအခမဲ့ဝင်ခွင့်ပြုခဲ့ပြီး နိုင်ငံ ခြားသားများကို ၀င်ကြေးကောက် ခံခဲ့သည်။

‘‘ဗိုလ်ချုပ် ထိုင်နေတဲ့ပုံကို မြင်ပြီး စိတ်ထဲမှာ မကောင်းဘူး’’ ဟု အသက် (၇၁)နှစ်အရွယ် အ မျိုးသားတစ်ဦးက ပြတိုက်တွင်း လေ့လာကြည့်ရှုစဉ် ၎င်း၏ ခံစား ချက်ကိုပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြ တိုက်ကို အပတ်စဉ် တနင်္လာနှင့်အခါကြီးရက်ကြီးများမှလွဲ၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပေးလျက်ရှိသည်။ ဇူလိုင် ၁၉ ရက်တွင် ကျရောက် သည့် အာဇာနည်နေ့တိုင်း၌လည်း ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့လာရောက်လည်ပတ်သူ များပြား လေ့ရှိသည်။

===================
251/End