အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏သမ္မတဟွဂ်ျဂျသိုလ်အစ္စလာမ်ဒေါက်တာဟစန်ရူဟာနီအနေဖြင့်ကူဝိတ်စော်ဘွား (ဘုရင်) ၏ဖိတ်ခေါ်မှုကြောင့်ယနေ့
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေခင်းပိုင်းတွင်ကူဝိတ်နိုင်ငံသို့ရောက်ရှိခဲ့ပြီးကူဝိတ်အပြည်ပြည်ဆိုင်လေဆိပ်တွင်ကူဝိတ်စော်ဘွား
ရှိက်္ခဆဗါဟ်အဲဟ်မဒ်အလ်ဆဗါဟ်ဖက်မှတရားဝင်ဧည့်ခံကြိုဆိုမှုကိုပြုခဲ့ကြောင်းသိရပါတယ်။
တရားဝင် ဧည့်ခံ ကြိုဆိုမှု ပြုရာတွင် ကူဝိတ် စော်ဘွား (ဘုရင်) အိမ်ရှေ့ မင်းသား ၊ ဝန်ကြီးချုပ် ၊ အခြားဝန်ကြီးများ ၊ ထိပ်တန် အစိုးရ အရာ ရှိများ
အပြည်ပြည်ဆိုင်ရာ ကူဝိတ်လေဆိပ် အတွင်း တက်ရောက်နေရာယူ ကြပြီး ကြိုဆိုမှုကို ပြုခဲ့ကြပါတယ်။ တရားဝင်ကြိုဆိုမှု အခမ်းအနား တွင် အီရန်
၊ကူဝိတ် နှစ်နိုင်ငံ ၏ နိုင်ငံတော် သီချင်းများ ကို သီဆိုခဲ့ကြပါတယ်။ နှစ်နိုင်ငံ ထိပ်တန်း အရာရှိ အကြီးအကဲများ ကို ဆိုင်ရာ သမ္မတ ၊စော်ဘွားတို့မှ
ဦးဆောင်မိတ်ဆက်မှုများ ပြုလုပ်ခဲ့ ကြပါ တယ်။
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏သမ္မတဟွဂ်ျဂျသိုလ်အစ္စလာမ်ဒေါက်တာဟစန်ရူဟာနီအနေဖြင့်ကူဝိတ်စော်ဘွား (ဘုရင်) ၏ နန်းတော်တွင် တွေ့ဆုံ
စကားဆိုမှု ပြုမည် ဖြစ်ကြောင်း သိရပါတယ်။
======================
251 /End