၁၈ ဖေဖော်ဝါရီ ၂၀၁၇ - ၁၅:၄၂
YBS ဝန်ဆောင်မှု ဧပြီမှစ၍ အဆင့်မြှင့်တင်မည်ဟု ဦးဖြိုးမင်းသိန်းပြော

YBS ဘတ်စ်ကားပြေး ဆွဲမှု၏ ဒုတိယခြေလှမ်းအဖြစ် အဆင့်မြှင့်တင်မှုကို ဧပြီတွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


YBS ဘတ်စ်ကားပြေး ဆွဲမှု၏ ဒုတိယခြေလှမ်းအဖြစ် အဆင့်မြှင့်တင်မှုကို ဧပြီတွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောသည်။

YBS ဘတ်စ်ကားပြေးဆွဲမှု ကို ဇန်န၀ါရီ ၁၆ ရက်က စတင်ခဲ့ပြီး လက်ရှိကာလမှာ စနစ်သစ်၏ ပထမအဆင့်သာရှိသော ၀န်ဆောင်မှုပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းများကို

ဧပြီအတွင်းမှသာ စတင်သွားမည် ဟု ဦးဖြိုးမင်းသိန်းက ဖေဖော် ၀ါရီ ၁၇ ရက်က ပြုလုပ်သည့် YBS ကားပြေးဆွဲမှု တစ်လပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။

ဒုတိယအဆင့်တွင် ယာဉ်စီး ရေအသစ်များ တိုးချဲ့ထည့်သွင်း ခြင်း၊ အများပိုင်ကုမ္ပဏီများအဖြစ် အတည်တကျလုပ်ကိုင်စေခြင်း၊ ကားများတွင် GPS အပြီးတပ်ဆင် ခြင်း၊ ငွေပေးကတ်စနစ်ကျင့်သုံး ခြင်းများကို စတင်ခြင်း၊ ဘတ်စ် ကားမှတ်တိုင်များ အဆင့်မြှင့်ခြင်း လုပ်ငန်းများ ပါဝင်မည်ဟုဆို သည်။

‘‘နောက်တစ်ဆင့်ကို တက် လှမ်းဖို့အတွက် ကျွန်တော်တို့မှာ ကြိုတင်ပြင်ဆင်ထားပြီးသားရှိပါ တယ်။ တချို့က အစိုးရအဖွဲ့က ဘာ Plan (ဘာအစီအစဉ်)မှမရှိဘဲ လုပ်နေတယ်ဆိုပြီး ဝေဖန်နေကြတာ ကြားပါတယ်။ ကျွန်တော် တို့ အခုလုပ်နေတာက ကမ္ဘာမှာ အခုမှစလုပ်နေတာ မဟုတ်ဘူး။ တခြားနိုင်ငံတွေမှာ အကောင်အ ထည်ဖော်အောင်မြင်ပြီးသား လုပ်ငန်းတွေပါ’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ရှိအချိန်တွင် YBS စနစ်၌ ဘတ်စ်ကားစီးရေ ၃,၅၀၀ ခန့်ဖြင့် ပြေးဆွဲနေပြီး ဧပြီမှစ၍ ဘတ်စ်ကားစီးရေ ၄,၅၀၀ ခန့် အထိ ပြေးဆွဲပေးနိုင်ရန် မျှော်မှန်း ထားကြောင်း ၎င်းကဆိုသည်။

ထိုသို့ ဘတ်စ်ကားအသစ် များ တိုးချဲ့ပြေးဆွဲနိုင်ရန် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦး ဆောင်၍ ပြည်ပမှ ၀ယ်ယူတင် သွင်းခြင်းများ ပြုလုပ်ရန်ရှိပြီး ယာဉ်စီးရေ ၃,၀၀၀ ခန့်အထိ ၀ယ် ယူရန်ရှိကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ဒုတိယအဆင့်၌ တစ်ဦးတစ်ယောက်ချင်း ယာဉ် ပိုင်ရှင်များပါဝင်ပြေးဆွဲနေခြင်း ကို ရပ်ဆိုင်း၍ ကုမ္ပဏီအစုရှယ် ယာရှင်အဖြစ် ပါဝင်လုပ်ကိုင်မှုကို သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ပြောင်းလဲလုပ်ဆောင် ရန် ဘတ်စ်ကားများကို ရာဖြတ် တန်ဖိုးတွက်ထားခြင်းများ ပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း လည်း ဆိုသည်။

ယင်းသို့ကုမ္ပဏီများသို့ ၀င် ရောက်လုပ်ကိုင်ပါက အကျိုးအ မြတ်ရရှိမှု လျော့နည်းသွားနိုင်၍ ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ်သား အချို့က ယင်းအပြောင်းအလဲကို မလိုလားသော်လည်း ပြည်သူကို မျက်နှာမူ၍ ပါဝင်ကြရန် ၀န်ကြီး ချုပ်က တိုက်တွန်းသည်။

‘‘ပြည်သူကို မျက်နှာမူပြီး မလိုက်ပါလာရင်တော့ ကျွန်တော် တို့က ချန်ခဲ့ရမှာပဲဖြစ်ပါတယ်’’ ဟု ၎င်းကသတိပေးပြောကြား သည်။

‘‘အခြေအနေကို စောင့် ကြည့်နေတုန်းပါ။ အဆင်မပြေ ဘူးထင်ရင်ရှိတဲ့ ကားရောင်းထုတ် ပြီး တခြားလုပ်ငန်းပြောင်းမလို့ ကိုလည်း စဉ်းစားထားပြီးသားပါ’’ ဟု (၃၆) ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးကမူ ပြောသည်။

ထိုသို့ ကုမ္ပဏီများအတည် တကျဖွဲ့စည်းပြီးပါက ဘတ်စ် ကားများတွင် GPS တပ်ဆင်ခြင်း ကို အပြီးလုပ်ဆောင်ပြီး ဗဟိုထိန်း ချုပ်ရေးစင်တာမှ ဘတ်စ်ကား များ၏ သွားလာမှုအခြေအနေများ ကို စောင့်ကြည့်ခြင်း၊ တိုက် ရိုက်ဆက်သွယ်ညွှန်ကြားခြင်း များကိုလည်း ဧပြီက စတင်လုပ် ဆောင်မည်ဟုဆိုသည်။

ထို့အပြင် ကဏ္ဍအားလုံး၌ အသုံးပြုနိုင်မည့် ငွေပေးကတ် စနစ်ကိုလည်း အကောင်အထည်  ဖော်ဆောင်ရွက်သွားနိုင်ရန် ကုမ္ပ ဏီများကို တင်ဒါခေါ်ယူမည်ဟု လည်း ၎င်းက ထည့်သွင်းပြော ကြားခဲ့သည်။

ဘတ်စ်ကားမှတ်တိုင် ၂၅၀ ကို နိုင်ငံတကာအဆင့်မီမှတ်တိုင် များအဖြစ် အဆင့်မြှင့်တင်ရန် ကိုလည်း တင်ဒါခေါ်ယူထားပြီး ဒုတိယအဆင့်တွင် လုပ်ငန်း စတင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

ယင်းမှတ်တိုင်များသည် ခရီးသည်များကို သတင်းအချက်အ လက်နှင့် လမ်းညွှန်မှုပြုလုပ်နိုင် ကာ မြို့တော်အင်္ဂါရပ်ကို ဖြည့် ဆည်းပေးသည့် မှတ်တိုင်များ အဖြစ် ဆောင်ရွက်ရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သည် ဘတ်စ်ကားစနစ် အဆင့်မြှင့်တင်ခြင်းကို သုံးလ လျှင် တစ်ကြိမ်ပြုလုပ်ရန် ဆောင် ရွက်နေခြင်းဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

ယခုအခါဘတ်စ်ကားစနစ် အစ၏ ပထမသုံးလမှ တစ်လတာ ကုန်ဆုံးခဲ့ပြီး ဘတ်စ်ကားစီးရ သည်မှာ အဆင်မပြေသေးဟုဆို ကာ ဝေဖန်မှုများ ရှိနေဆဲဖြစ် သည်။

ထိုသို့ YBS စနစ်ကျင့်သုံးရာ တွင် JICA ၏ အကူအညီများ ပါဝင်မှုမရှိဟု သတင်းများနှင့် ပတ်သက်၍လည်း သတင်းဌာန များနှင့် ဂျပန်သံရုံးတို့၏ နားလည် မှုလွဲခြင်းကြောင့်သာဖြစ်ပြီး လက် ရှိအချိန်အထိ ခရီးသွားများ၏ အ ခက်အခဲပြန်လည်သုံးသပ်မှုလုပ် ငန်းစဉ်များကို ယင်းအဖွဲ့က ကူ ညီဆောင်ရွက်နေသည်ဟု ၀န်ကြီးချုပ်က ဖြေကြားသည်။

YBS  ယာဉ်စီးခကို ခရီးတို ကျပ် ၁၀၀ သာ ကောက်ခံခွင့်ပေး ထားပြီး မှတ်တိုင်အလိုက်ကောက် ခံရမည့် နှုန်းထားများကို ရက်ပိုင်း အတွင်း ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း YRTA ဥက္ကဋ္ဌ ဒေါ်နီ လာကျော်ကလည်း ပြောသည်။

===================
251/End