အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပုပ်ရဟန်းမင်းကြီး နေထိုင်ရာ ဗာတီကန်နန်းတော်အပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံနှင့် သံတမန်ဆက်သွယ်မှုတည် ထောင်နိုင်ရန် နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့သည်။
ဗာတီကန်နန်းတော် (The Holy See)၊ ဂီနီ၊ မော်လ်တာ၊ အီ ကွေဒေါ၊ ဆေးရှန်း၊ လိုက်ဘေးရီး ယား၊ မာရှယ်ကျွန်းစု စသည့်နိုင်ငံ ခုနစ်ခုနှင့် သံတမန်ဆက်သွယ်မှု တိုးချဲ့တည်ဆောက်နိုင်ရေး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်တင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တင်ပြခဲ့သည်။
‘‘ကျွန်တော်တို့နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့နိုင်ငံ များအားလုံးနဲ့ ချစ်ကြည်စွာဆက် ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ကု လသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံများ အားလုံးနဲ့ သံတမန်ဆက်သွယ်မှု တိုးချဲ့ပြုလုပ်ရေးအတွက် စီမံ ချက်တစ်ခုအနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်’’ဟု ဒုဝန် ကြီး ဦးကျော်တင်က လွှတ်တော်၌ ပြောကြားသည်။
ဗာတီကန်နန်းတော်သည် သက်ဦးဆံပိုင်ဘုရင်စနစ် ကျင့် သုံးပြီး လူဦးရေတစ်ထောင်ခန့်ရှိ ကာ ပုပ်ရဟန်းမင်းကြီး၏ လမ်း ညွှန်မှုအောက်တွင် ကက်သလစ် ဘုရားကျောင်း၏အဓိကအဖွဲ့အ စည်းဖြစ်ကြောင်း၊ ဂီနီသမ္မတနိုင်ငံ သည် အာဖရိကတိုက်အနောက် ဘက်တွင် တည်ရှိကြောင်းနှင့် မော်လ်တာ သမ္မတနိုင်ငံသည် ဥရောပတိုက်တောင်ပိုင်း(အီတ လီတောင်ဘက် မိုင် ၅၀ ဝေးကွာ) ကျွန်းနိုင်ငံဖြစ်ကြောင်း ဒုဝန်ကြီး ဦးကျော်တင်က ရှင်းပြသည်။
ထို့အတူ အီကွေဒေါနိုင်ငံ သည် တောင်အမေရိကတိုက် အ နောက်ဘက်ပိုင်း ကိုလံဘီယာနှင့် ပီရူးနိုင်ငံတို့အကြား တည်ရှိ ကြောင်း၊ ဆေးရှန်းနိုင်ငံသည် အာဖရိကဒေသအုပ်စုဝင် ကျွန်းစုနိုင်ငံ ဖြစ်ကြောင်း၊ လိုက်ဘေးရီးယား နိုင်ငံသည် အာဖရိကအနောက် ပိုင်းမြောက်အတ္တလန္တိတ်ကမ်းရိုး တန်းတွင် တည်ရှိကြောင်းနှင့် မာရှယ်ကျွန်းစုနိုင်ငံသည် သြစတြေးလျနှင့် ဟာဝိုင်အီကျွန်းစုအကြား တည်ရှိပြီး ကျွန်းကြီး ငါးခု၊ ကျွန်း ငယ် ၂၉ ခုဖြင့် ဖွဲ့စည်းထား ကြောင်း နိုင်ငံတစ်ခုချင်းစီ၏အ ချက်အလက်အချို့ကို ဒုဝန်ကြီးက လွှတ်တော်သို့ တင်ပြသည်။
အထက်ပါနိုင်ငံ ခုနစ်ခုနှင့် ညှိနှိုင်းမှုပြုလုပ်ရာတွင် တစ်ဖက် နိုင်ငံများက သဘောတူညီမှုရရှိပြီး ဖြစ်၍ အစိုးရအဖွဲ့က ကနဦးသ ဘောတူညီထားကြောင်း ဦးကျော် တင်က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ သည် နိုင်ငံပေါင်း ၁၁၄ နိုင်ငံနှင့် သံတမန်ဆက်ဆံရေး တည် ဆောက်ထားနိုင်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ သိရသည်။
===================
251/End
ဗာတီကန်နန်းတော်အပါအဝင် နိုင်ငံခုနစ်နိုင်ငံနှင့် သံတမန်ဆက်သွယ်မှု တည်ထောင်ရန် လွှတ်တော်သို့ သဝဏ်လွှာပို့
၂၅ ဖေဖော်ဝါရီ ၂၀၁၇ - ၁၇:၃၇
News ID: 814083
ပုပ်ရဟန်းမင်းကြီး နေထိုင်ရာ ဗာတီကန်နန်းတော်အပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံနှင့် သံတမန်ဆက်သွယ်မှုတည် ထောင်နိုင်ရန် နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့သည်။