၅ မတ် ၂၀၁၇ - ၁၅:၁၀
ဦးဖြိုးမင်းသိန်း ကျန်းမာရေးခွင့်ယူထားသည့်ကာလတွင် YBS စီမံခန့်ခွဲမှုကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တာဝန်ယူမည်

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကျန်း မာရေးကြောင့် အနားယူနေစဉ် အတွင်း YBS စနစ်၏ စီမံခန့်ခွဲမှုများကို လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ဆက်လက်တာဝန်ယူဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကျန်း မာရေးကြောင့် အနားယူနေစဉ် အတွင်း YBS စနစ်၏ စီမံခန့်ခွဲမှုများကို လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ဆက်လက်တာဝန်ယူဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်သည် နှလုံးခွဲစိတ်ကုသမှု ခံယူရန် မတ်လ ၄ ရက်ကစ၍ ကျန်း မာရေးခွင့်ယူမည် ဖြစ်သော်လည်း YBS ယာဉ်များ၏ စီမံခန့်ခွဲမှုနှင့် စနစ်ပြောင်းလဲမှုများကို ထိခိုက် စေမည်မဟုတ်ကြောင်း ဒေါက် တာ မောင်အောင်က ပြောသည်။

‘‘YBS စနစ်ရဲ့ စီမံခန့်ခွဲမှု တွေကို ၀န်ကြီး ဒေါ်နီလာကျော် (ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး)ကို လုပ်ပိုင်ခွင့် တာဝန်လွှဲပေးထားပြီးသားပါ။ စီ မံမူအပိုင်းအပြောင်းအလဲမရှိနိုင် ပါဘူး။ ဒီကြားကာလမှာလည်း YBS နဲ့ ပတ်သက်လို့ အပြောင်း အလဲအသစ်တွေ လုပ်ဖို့လည်း မရှိသေးပါဘူး’’ဟု ၎င်းက ပြောသည်။ဦးဖြိုးမင်းသိန်းသည် ၂၀၁၇ ၌ အကြီးမားဆုံးအပြောင်းအလဲအဖြစ် မထသစနစ်ကို ဖျက်သိမ်း၍ YBS ဘတ်စ်ကားပြေးဆွဲမှုစနစ်သို့ ပြောင်းလဲခဲ့သည်။

 အဆိုပါစနစ်အသစ်ပြောင်း လဲပြီး ၄၈ ရက်အကြာတွင် ကျန်းမာရေးကုသမှုခံယူရန် ခေတ္တခွင့်ယူခြင်း ဖြစ်သည်။

သို့သော် ၀န်ကြီးချုပ် ခွင့်ရက်မည်မျှယူမည်ကို မသိရသေး ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောသည်။

ဦးဖြိုးမင်းသိန်းသည် အစိုးရသက်တမ်း တစ်နှစ်ခန့်အတွင်း စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များကို ကန့်သတ်ခြင်း၊ အထပ်မြင့်အ ဆောက်အအုံများ ဆောက်လုပ် မှုရပ်ဆိုင်းခြင်း၊ YBS ဘတ်စ်ကားစနစ်ပြောင်းလဲခြင်း၊ ကုန်တင်ယာဉ်များဖြတ်သန်းချိန် ကန့်သတ်ခြင်း၊ လမ်းဘေးဈေးသည်များကို ညဈေးတန်းပြုလုပ်ခြင်းစသည်တို့ ဆောင်ရွက်ခဲ့ပြီး ထောက်ခံသူများနှင့် ဝေဖန်သူများစွာရှိခဲ့သည်။

===================
251/End