၇ မတ် ၂၀၁၇ - ၁၈:၃၀
ဒေါ်အောင်ဆန်းစုကြည်နှင့် ADB ဘဏ် ဒုဥက္ကဋ္ဌ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဒုတိယဥက္ကဋ္ဌ Mr.Stephen Groff တို့သည် မတ်လ ၆ ရက် ညနေက နေပြည်တော်၌ တွေ့ဆုံ၍ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များ ပူးပေါင်းဆောင်ရွက်ရေးဆွေး နွေးခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဒုတိယဥက္ကဋ္ဌ Mr.Stephen Groff တို့သည် မတ်လ ၆ ရက် ညနေက နေပြည်တော်၌ တွေ့ဆုံ၍ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များ ပူးပေါင်းဆောင်ရွက်ရေးဆွေး နွေးခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံမှုတွင် မြန် မာနိုင်ငံ၌ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေး အပါအ၀င် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည် ဟု သိရသည်။

 အလားတူ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် အာရှဖွံ့ ဖြိုးရေးဘဏ် (ADB) ဒုဥက္ကဋ္ဌ သည် နေပြည်တော်၌ တွေ့ဆုံ၍ အခြေခံအဆောက်အအုံကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ ပြည်ပပို့ကုန်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

သမ္မတနှင့် ADB ဒုဥက္ကဋ္ဌတို့၏ တွေ့ဆုံပွဲကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

===================
251/End