၉ မတ် ၂၀၁၇ - ၁၈:၀၃
မကွေးတိုင်းအတွင်း အခမဲ့သက်မွေးစက်မှုပညာ ရက်တိုသင်တန်းများ ဆက်တိုက်ဖွင့်မည်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာန တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အခမဲ့ စက်မှုအသက်မွေးပညာ ရက်တို သင်တန်းများကို ယခုလကစတင်ကာ ဖွင့်လှစ်သင်ကြားနေပြီး တိုင်းအတွင်း မြို့နယ် ၁၅ ခုတွင် အလှည့်ကျစနစ်ဖြင့် ဆက်တိုက် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအ စိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာန တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အခမဲ့ စက်မှုအသက်မွေးပညာ ရက်တို သင်တန်းများကို ယခုလကစတင်ကာ ဖွင့်လှစ်သင်ကြားနေပြီး တိုင်းအတွင်း မြို့နယ် ၁၅ ခုတွင် အလှည့်ကျစနစ်ဖြင့် ဆက်တိုက် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအ စိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မင်းဘူး၊ စကုမြို့ နယ်၊ ရွာသာယာကျေးရွာနှင့် စေ တုတ္တရာမြို့နယ်တို့၌ အခြေခံ ဂဟေဆက်ပညာ ရက်တိုသင် တန်းကို သင်တန်းသား ၃၅ ဦးဖြင့်အခမဲ့သင်ကြားနေပြီး လာမည့်မတ်လ ၁၀ ရက်တွင် ကံမမြို့နယ်အတွင်း သင်တန်းတစ်ခု ဖွင့်လှစ်ရန်ရှိကြောင်း မကွေးတိုင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

ထို့အပြင် တိုင်းအတွင်းရှိ ခရိုင်တစ်ခုလျှင် မြို့နယ်သုံးမြို့ နယ်နှုန်းဖြင့် သင်ကြားမည်ဖြစ်ပြီး ဂန့်ဂေါ၊ ဆော၊ ဆင်ပေါင်ဝဲ၊ မင်းလှ၊ ငဖဲ  စသည့်မြို့နယ်များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြော သည်။

‘‘မကြာမီကာလမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာ ခဲ့ရင် တိုင်းအတွင်း အခြေခံလုပ် သားတွေဟာ အတတ်ပညာတစ် ခု တတ်မြောက်ထားပြီး ထိုက်တန် တဲ့ လုပ်ခလစာရရှိစေဖို့ ကျွမ်း ကျင်တဲ့ လုပ်သားတွေမွေးထုတ် ပေးနိုင်ဖို့၊ တိုင်းအတွင်းမှာ အ လုပ်အကိုင်၊ အခွင့်အလမ်းတွေ ပိုမိုများပြားလာဖို့နဲ့ ဆင်းရဲနွမ်းပါး မှုကို အဆင့်တစ်ခုအထိ လျှော့ချ နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ အခုလိုသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးတာ ဖြစ်တယ်’’ဟု ဦးနေမျိုးကျော်ကပြောသည်။

 အခြေခံဂဟေဆက်ပညာ သင်တန်း၊ အင်ဂျင်စက်ပြင်သင် တန်း၊ ဆိုင်ကယ်ပြုပြင်သင်တန်း နှင့် အခြေခံလျှပ်စစ်သွယ်တန်း ခြင်းပညာသင်တန်းများကို ရက် တိုသင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသားများအတွက် တူညီဝတ် စုံ၊ သင်ကြားရေးအသုံးပြုပစ္စည်း များအပါအ၀င် ကုန်ကျစရိတ်များ အားလုံးကို တိုင်းအစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာန၏ ရန်ပုံငွေတို့မှ ကျခံသုံးစွဲမည်ဖြစ်ကြောင်း သိရ သည်။

===================
251/End