၁၀ မတ် ၂၀၁၇ - ၁၄:၁၄
တရုတ်​နိုင်ငံဘက်​ကို လက်​နက်​ကြီးကျ​​၊ တရုတ်​နိုင်​ငံသား ၁ ဦးသေ၊ မြန်မာ ၁ ​ဦး ဒဏ်​ရာရ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ​လောက်​ကိုင်​မှာ တိုက်​ပွဲပိုမိုပြင်းထန်​ခဲ့ပြီး​ တရုတ်​ပြည်​ဘက်​ ကို လက်​နက်​ကြီးကျည်တွေ ကျ​ရောက်​ခဲ့တဲ့အတွက် တရုတ်​နိုင်​ငံသားတဦး ​သေဆုံးပြီး မြန်​မာနိုင်​ငံသားတဦး ဒဏ်​ရာရခဲ့ပါတယ်​။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ​လောက်​ကိုင်​မှာ တိုက်​ပွဲပိုမိုပြင်းထန်​ခဲ့ပြီး​ တရုတ်​ပြည်​ဘက်​ ကို လက်​နက်​ကြီးကျည်တွေ ကျ​ရောက်​ခဲ့တဲ့အတွက် တရုတ်​နိုင်​ငံသားတဦး ​သေဆုံးပြီး မြန်​မာနိုင်​ငံသားတဦး ဒဏ်​ရာရခဲ့ပါတယ်​။

မ​နေ့က မတ်​ ၉ ရက်​​နေ့က နန်းဆန်​မြို့နယ်​ နမ်းစီးလင်းရွာ ကြံခင်းဘက်​ကို လက်နက်ကြီးကျည်တွေ ​ကျ​ရောက်​ခဲ့ပြီး​တော့ ​ည​နေပိုင်း ၄ နာရီ​လောက်​က ကြံခင်းမှာ အလုပ်​လုပ်​​နေတဲ့ တရုတ်​နိုင်​ငံသား ​သေဆုံးသွားတယ်​လို့ တရုတ်နိုင်​ငံရှိ ​ဒေသခံတ​ဦးက ​ပြောပါတယ်​။

“​နောက်​တ​​ယောက်​က ဒီနန်းဆန်​ထဲက ပတ်​အိုက်​ရွာ အုပ်​စု ​ရှောက်​ချန်​ကိုးရွာမှာ ဖြစ်​တာ။ မနက်​ ၈ နာရီဝန်းကျင်​​ပေါ့​နော်​။ ထိတဲ့လူက မြန်​မာနိုင်​ငံက ထွက်​​ပြေးလာတဲ့ သူပဲ။ အသက်​၁၅ နှစ်​ပဲရှိ​ သေးတယ်​။ ​ခြေ​ထောက်​တစ်​ဖက်​ ကျိုးသွားတာရ။ အခု နန်းဆန်​မြို့​ဆေးရုံမှာ ကု​နေတယ်​” လို့ သူက ဆက်​​ပြောပါတယ်​။

တရုတ်​ပြည်​ဘက်​တွက်​ လက်​နက်​ကြီး မကြာခဏ​ကျ​ရောက်​တဲ့အတွက်​ မတ်​လ ၈ ရက်​​နေ့က စပြီး​တော့ ခြံစည်းရိုးနဲ့ ၂ ဖာလုံ​အကွာအ​ဝေးကို သွားခွင့်​မပြုဘဲ အနီးနားမှာရှိ​နေတဲ့ ဟိုတယ်​​တွေကိုလည်း ပိတ်​ထားကာ လုံခြုံ​ရေးလည်း တင်းကြပ်​လာတယ်​လို့ တရုတ်​​ပြည်​ရှိ ​ဒေသခံတ​ဦးက ဆက်​​ပြောပါတယ်​။

အခုလက်​ရှိအချိန်​မှာလည်း တိုက်​ပွဲငြိမ်​သက်​သွားပြီ ဖြစ်​​ပေမယ့် တရုတ်​ပြည်​ဘက်​ကို လက်​နက်​ကြီး ၅ လုံးခန့်​ ထပ်​မံကျ​ရောက်​​နေ​ကြောင်း သိရပါတယ်​။

===================
251/End