၁၄ မတ် ၂၀၁၇ - ၁၇:၃၉
မူဆယ်နယ်စပ်ဂိတ်များတွင် တရုတ်မှ တရားမဝင် သွင်းလာသည့် အေးခဲကြက်သား၊ ဥနှင့် ကြက်၊ ဘဲအကောင်ပေါက် ကျပ်သိန်း ၁၅၀ ဖိုး ဖမ်းမိ

မူဆယ်ခရိုင်တွင် တရုတ်နိုင်ငံမှ တရားမဝင် ဝင် ရောက်လာသည့် အေးခဲကြက် သားများ၊ ကြက်အသေကောင် များ၊ ကြက်ဥ၊ ငုံးဥများကို ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ကာ အထူးစီ မံချက်ဖြင့် တားဆီးနေသည့်ကာ လအတွင်း ကြက်ဥ၊ ငုံးဥအလုံး ရေတစ်သိန်းခန့်နှင့် အေးခဲကြက် သား၊ ကြက်အသေကောင်အများ အပြား ဖမ်းဆီးရမိခဲ့ကြောင်း မူ ဆယ်ခရိုင် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ ဝင်းဗိုလ်ကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မူဆယ်ခရိုင်တွင် တရုတ်နိုင်ငံမှ တရားမဝင် ဝင် ရောက်လာသည့် အေးခဲကြက် သားများ၊ ကြက်အသေကောင် များ၊ ကြက်ဥ၊ ငုံးဥများကို ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ကာ အထူးစီ မံချက်ဖြင့် တားဆီးနေသည့်ကာ လအတွင်း ကြက်ဥ၊ ငုံးဥအလုံး ရေတစ်သိန်းခန့်နှင့် အေးခဲကြက် သား၊ ကြက်အသေကောင်အများ အပြား ဖမ်းဆီးရမိခဲ့ကြောင်း မူ ဆယ်ခရိုင် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ ဝင်းဗိုလ်ကပြောသည်။

H7N9 ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် ယခုနှစ်ဆန်းတွင်  တရုတ်နိုင်ငံ၌ လူ ၁၀၀ ခန့် သေ ဆုံးခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ရောဂါမကူးစက်စေရန် စီမံချက် ဖြင့် ဖမ်းဆီးသည့် နေ့ကစတင်၍ မတ်လ ၁၁ ရက်အထိ ကြက်၊ ဘဲအကောင်ပေါက် ၁,၇၇၇ ကောင်၊ ကြက်သားနှင့် အေးခဲကြက်သား ၃,၄၃၆ ကီလိုဂရမ်၊ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥ ၉၅,၆၁၅ လုံး သိမ်းဆည်းနိုင်ခဲ့ပြီး ဖမ်းဆီးရရှိမှုစုစုပေါင်း ကျပ်သိန်း ၁၅၀ ခန့်ရှိကာ နေ့ချင်းဖျက်ဆီးခဲ့ကြောင်း  ဒေါက်တာ ဝင်းဗိုလ်က ပြောသည်။

‘‘မူဆယ်လမ်းကြောင်းက တော့ အများကြီးမမိတော့ဘူး။ တစ်နိုင်တစ်ပိုင် သယ်တာတွေ လောက်ကို တားဆီးနေပါတယ်’’ ဟု ဒေါက်တာဝင်းဗိုလ်က ပြောသည်။

မူဆယ်ခရိုင်အတွင်း နယ်စပ် ဂိတ်များဖြစ်သည့် မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်နှင့် ၁၀၅ မိုင်ကုန် သွယ်ရေးစခန်းဂိတ်များတွင် အ ထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စည် ပင်၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ စားသုံးသူများအသင်းနှင့် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းကာ တရားမဝင် တင်သွင်းလာသည့် ကြက်နှင့် ဆက်စပ်ထွက်ကုန်များ ကို တားဆီးပညာပေးမှုများပြုလုပ် နေပြီး အခြားသော ခရိုင်အတွင်းရှိ နယ်စပ်ဝင်ပေါက်များသို့လည်း နယ်လှည့်ကွင်းဆင်းကာ တားဆီး မှုများ၊ ပညာပေးမှုများ ပြုလုပ်နေ ကြောင်း ၎င်းကပြောသည်။

တရုတ်နိုင်ငံမှ ကြက်ဥကြက် သားများကို သယ်ယူစရိတ်သာ အကုန်အကျခံပြီး တရားမဝင် တင် သွင်းကာ ဈေးပေါပေါဖြင့် ရောင်း ချနေခြင်းကြောင့် စားသုံးသူများ အတွက် ရောဂါကူးစက်ခံရမည် ကိုစိုးရိမ်ရသကဲ့သို့ ကြက်ဥ၊ ကြက် သားဈေးကျပြီး ပြည်တွင်းမွေးမြူ ရေးလုပ်ငန်းကိုပါ ထိခိုက်လာစေ သဖြင့် မွေးမြူရေးလုပ်ငန်းအဖွဲ့ များက ကာကွယ်တားဆီးမှုများပြု လုပ်ပေးရန် လွှတ်တော်နှင့် အစိုးရအဖွဲ့သို့ တင်ပြထားသည်။

===================
251/End