အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ အမေရိကန်သံရုံး အတွင်း ၀င်ရောက်လာသည့်ကား ကို စစ်ဆေးရာ ဗုံးအချက်ပေးသံ ထွက်ပေါ်လာသဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် ရဲတပ်ဖွဲ့မှ ဗုံးရှင်း လင်းရေးအဖွဲ့များသွားရောက် ရှင်းလင်းခဲ့ရသည်။
မတ်လ ၂၃ရက် ည ၈နာရီ ကျော်တွင် ရန်ကုန်လေဆိပ်မှ ပြန် လာသည့်အမေရိကန်သံရုံးမှကား သည် သံရုံးသို့ ပြန်လာစဉ် ပုံမှန်စစ် ဆေးမှုပြုလုပ်သည့် ဗုံးစစ်ဆေးရှာ ဖွေရာမှ အချက်ပေးစနစ် အသံ မြည်ခဲ့ကြောင်း ရဲအရာရှိကြီးတစ်ဦးက ပြောသည်။
‘‘ကားက သံရုံးကကားပဲ။ အပြင်က ကားမဟုတ်ပါဘူး။ ကား ကိုမိုင်းရှာခွေးတွေနဲ့အရင်ရှာ တယ်။ တိုင်းစစ်ဌာချုပ်က မိုင်းရှာ တဲ့အဖွဲ့တွေလည်းပါတယ်။ ကား ဘီးနောက်ပိုင်းက ပန်ကာတစ်ခု မှာ ယမ်းနံ့ပေလို့ အသံမြည်တာ ပါ။ ဘယ်ကနေပေလဲဆိုတာ တော့ မသိပါဘူး’’ဟု ရဲအရာရှိကပြောသည်။
ဗုံးအချက်ပေးသံထွက်ပေါ် လာ၍ တိုင်းစစ်ဌာနချုပ်မှ မိုင်းရှာ ခွေးတစ်ကောင်၊ ရဲတပ်ဖွဲ့မှ မိုင်း ရှာခွေးနှစ်ကောင်ဖြင့် ရှာဖွေရာမှ ယမ်းအနံ့ကို တွေ့ရှိခဲ့ကြောင်း ရှာဖွေရေးတွင်ပါဝင်သူ အရာရှိတစ်ဦးက ပြောသည်။
‘‘အသံထွက်လာတော့ သံရုံး က လူတွေလည်း နည်းနည်းတော့ လန့်တာပေါ့။ ဗုံးပြုလုပ်ရာမှာတစ် ခုအပါအ၀င်ဖြစ်တဲ့ ယမ်းအမှုန့်က ကားနောက်ဘီးက ပန်ကာမှာလာ ကပ်နေတာပါ။ သူတို့လုံခြုံရေးစ နစ်က အရမ်းကောင်းတော့အသံ တွေမြည်တာပါ။ ဘာမှတော့ ထူး ထူးခြားခြားမဖြစ်ခဲ့ပါဘူး’’ဟု အရာရှိက ပြောသည်။
အဆိုပါဖြစ်ပွားမှုနှင့်ပတ် သက်၍ အမေရိကန်သံရုံးသို့ ဖုန်း ဖြင့်ဆက်သွယ်မေးမြန်းရာ ဖြေ ကြားနိုင်သူကို ဖုန်းဖြင့်ထပ်မံချိတ် ဆက်ပေးသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ယမန်နှစ် ဇူလိုင်ကလည်း အမေရိကန်သံရုံးတွင် ပုံမှန်လုံခြုံ ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ရာ မှ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအ တွက် သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာမှတစ်ဆင့်တောင်းပန်ခဲ့သည်။
===================
251/End
အမေရိကန်သံရုံးမှ ကားတစ်စီး ဗုံးအချက်ပေးသံမြည်၍ စစ်ဌာနချုပ်နှင့် ရဲတပ်ဖွဲ့ဗုံးရှင်းလင်းရေးအဖွဲ့ စစ်ဆေးခဲ့
၂၅ မတ် ၂၀၁၇ - ၁၅:၃၆
News ID: 819899
ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ အမေရိကန်သံရုံး အတွင်း ၀င်ရောက်လာသည့်ကား ကို စစ်ဆေးရာ ဗုံးအချက်ပေးသံ ထွက်ပေါ်လာသဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် ရဲတပ်ဖွဲ့မှ ဗုံးရှင်း လင်းရေးအဖွဲ့များသွားရောက် ရှင်းလင်းခဲ့ရသည်။