အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ့ရိုးရာသင်္ကြန်ကို ၂၀၁၇ ၌ ဖျက်သိမ်းမည်ဟု ဦးကို နီပြောကြားကြောင်း သတင်းအ မှားကို ဒီမိုကရက်တစ် ဗမာ့အသံ အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာ အတုက ဖော်ပြခဲ့သည်။
အလားတူ ၂၀၁၇ သင်္ကြန်၌ မဏ္ဍပ်ဆောက်လုပ်ခွင့်နှင့် သံချပ် ထိုးခွင့်ကို ဖျက်သိမ်းမည်ဖြစ် ကြောင်း၊ မြို့တော်ဝန်မဏ္ဍပ်မှလွဲ ၍ မည်သည့်မဏ္ဍပ်မှ ဆောက် လုပ်ခွင့်ပေးမည်မဟုတ်ကြောင်း ဦးကိုနီပြောကြားဟူသည့် သ တင်းအမှားကို The Irrawaddy အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာ အတုကလည်း ဖော်ပြခဲ့သည်။
သတင်းအမှားကို ယုံကြည် သည့် MP Mg Myint ဖေ့စ်ဘွတ်ခ် အကောင့်သည် ‘‘ခင်ဗျားတော်ပါ တယ် ဦးကိုနီ။ ခင်ဗျားကွယ်လွန်ခဲ့ ပေမယ့် ခင်ဗျားဖြစ်စေချင်တာ တွေ အကောင်အထည်ပေါ်လာပါ ပြီ။ မြန်မာသင်္ကြန်ဟာ မလိုအပ် ပါဘူး။ ဒါကြောင့် ၂၀၁၇ မှာ သင်္ကြန်ကို ဖျက်သိမ်းမယ်လို့ ခင် ဗျားပြောခဲ့တာ အစက မယုံခဲ့ဘူး ဗျာ’’ဟူ၍ မတ်လ ၉ ရက်က ရေး သားခဲ့သည်။
သတင်းအမှားကို ယုံကြည် စွာ ပြန်လည်ရေးသားခဲ့သည့် MP Mg Myint ပို့စ်ကို ပြန်လည်မျှဝေ သူ ၆၅ ဦးရှိပြီး မှတ်ချက်ပေးသူ ၁၀ ဦးရှိခဲ့သည်။ အလားတူပို့စ်၌ စိတ်မကောင်းဖြစ်ရသည်၊ ချစ် မြတ်နိုးရသည်၊ ကြိုက်နှစ်သက်ရ သည်ဟူသော သင်္ကေတပေါင်း ၁၅၈ ခု တုံ့ပြန်ထားသည်။
သင်္ကြန်နှင့် ဦးကိုနီကို ဆက် နွှယ်၍ သတင်းအမှားများ ဖော်ပြ ခဲ့သည့် သတင်းဌာနအမည်ခံ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျအတုနှစ်ခုသည် လက်ရှိ၌ အကောင့်ပျောက်ကွယ် သွားသော်လည်း စခရင်ရှော့ခ်ပြု လုပ်ထားသူများက သတင်းအ မှားကို ဆက်လက်ဖြန့်ချိနေဆဲဖြစ် သည်။
၂၀၁၆ ဧပြီအတွင်း သတင်း ဌာနအမည်ခံ၍ သတင်းအမှား ဖြန့်ချိခဲ့သော်လည်း ၂၀၁၇ သင်္ကြန်ကာလနှင့် တိုက်ဆိုင်စွာ သတင်းအမှားများကို ထပ်မံမျှဝေ နေခြင်းဖြစ်သည်။ DVB သတင်း ဌာနသည် DVB TV News အ မည်ဖြင့် အပြာရောင်အမှန်ခြစ် (Blue Mark) ပါရှိသည့်အကောင့် ကို အသုံးပြုပြီး ဧရာဝတီသတင်း ဌာနမှာလည်း The Irrawaddy Burmese Edition အမည်ဖြင့် အပြာရောင် အမှန်ခြစ်ပါရှိသော အကောင့်ကိုသာ အသုံးပြုသည်။
သင်္ကြန်နှင့် ဦးကိုနီကို ချိတ် ဆက်၍ သတင်းအမှားများ ဖော်ပြခဲ့သည့် သတင်းဌာနအမည် ခံပေ့ခ်ျများသည် မူရင်းသတင်း ဌာနမှ ပရိုဖိုင်ပုံများ ရယူအသုံးပြု ထားပြီး ထင်ယောင်ထင်မှားပုံစံ ဖြင့် ဖော်ပြထားသော ပေ့ခ်ျအတု များဖြစ်သည်။
===================
251/End
၂၇ မတ် ၂၀၁၇ - ၁၇:၅၉
News ID: 820333
မြန်မာ့ရိုးရာသင်္ကြန်ကို ၂၀၁၇ ၌ ဖျက်သိမ်းမည်ဟု ဦးကို နီပြောကြားကြောင်း သတင်းအ မှားကို ဒီမိုကရက်တစ် ဗမာ့အသံ အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာ အတုက ဖော်ပြခဲ့သည်။