အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး ဌာန ၏ ပြောရေး ဆိုခွင့်ရှိသူ ဗဲဟ်ရာမ် ကာစေမီ အနေဖြင့် အာရပ် အဖွဲ့ချုပ်ခေါင်းဆောင်များကျင်းပသည့် အစည်းအဝေး ၏ ပိတ်ပွဲ တွင် အီရန် အစ္စလာမ်မစ် နိုင်ငံ အား ဆန့်ကျင် ပြောဆိုခဲ့ပြီး အခြေအမြစ်မဲ့ စွပ်စွဲမှုများ အပေါ် ဝမ်းနည်းမိ ကြောင်း ထုတ်ဖော်ပြောကြားရင်း အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးမူဝါဒမှာ အခြား နိုင်ငံများ ၏ အချုပ်အခြာ အာဏာ ကို အရိုအသေအလေးအစား ပြုပြီး ၎င်းတို့၏ ပြည်တွင်းရေး ကိုဝင်ရောက် စွက်ဖက်မှု ကို အခြေမခံကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းအနေဖြင့် ဆက်လက်ပြီး မိမိ ပြောကြားချက်ကို ရှင်းလင်းစွာ ပြောလေ၏။ အီရန် နိုင်ငံ အနေဖြင့် အကြိမ် ပေါင်းများစွာ မိမိတို့၏ နေရာ၊လုပ်ရပ်ကို ပြတ်သားထင်ရှား စွာ ကြေညာ ပြီး ဖြစ်ပါတယ်။ အီရန်နိုင်ငံ အနေဖြင့် တကမ္ဘာလုံးဆိုင်ရာဥပဒေများ အရ အခြား နိုင်ငံများ၏ ကိုယ်တိုင်ရပ်တည်မှု ၊ အချုပ်အခြာ အာဏာ ကို အလေးအမြတ်ထားပါတယ်။
ကာစေမီ အနေဖြင့် ဆက်လက်ပြီး အချို့အာရပ်အစ္စလာမ် နိုင်ငံများ ၏ အနေဖြင့် အစ္စလာမ့်ကမ္ဘာ ၏ အဓိက အခက်အခဲများ နှင့် မွတ်စလင်မ် များ၏ ပြဿနာ များကို မဖြေရှင်း နိုင်ခြင်းနှင့် မိတ်ဆွေ နှင့် ရန်သူကို ခွဲခြား နိုင်စွမ်း မရှိ ခြင်း အတွက် ဝမ်းနည်း ကြောင်း ပြောဆိုခဲ့ပါတယ်။
အာရပ် အဖွဲ့ချုပ်ခေါင်းဆောင်များ၏ ပိတ်ပွဲ အစည်းအဝေး ပွဲ ဇီယွန်ဝါဒီ (ဆိုက်ယူနစ်ဝါဒီ )အာဏာ ပိုင်များ နှင့် ဆက်သွယ်ဖို့ အသင့်ရှိကြောင်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ပြီးနောက် အီရန်ပိုင် ကျွန်းဆွယ် ၃ ခုအား အာရပ်စော်ဘွားများ ပိုင်ကြောင်း အခြေမဲ့ အမြစ်မဲ့ စွာ ကြေညာခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ၏ ပြောရေးဆိုခွင့် ရှိသူမှ ဆက်လက်ပြီး အီရန်ပိုင် ကျွန်းဆွယ် ၃ ခု နှင့်ပတ်သက်ပြီး ဒီ ကျွန်းဆွယ်၃ခု စလုံးဟာ အီရန် ပိုင်နယ်များ ဖြစ်ကြောင်း အီရန်ပိုင်း အဖြစ်သာ ရှိမည် ဖြစ်ကြောင်း၊ အထောက်အထား အတု အရောင် မမှန်မကန် တောင်းဆို ခြင်းဖြစ် သမိုင်း ပြောင်း သွားမည် မဟုတ် ကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီရန် အနေဖြင့် ကျွန်းဆွယ် ၃ခု စလုံးကို မိမိတို့၏ ဒေသဆိုင်ရာ အချုပ်အခြာ နှင့် လုပ်ပိုင်ခွင့် များ အရ ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
၎င်းအနေဖြင့် မတရား အာဏာလုယူ ပြီး အစိုးရလုပ်နေသည့် ဇီယွန် ဝါဒီ (ဆိုက်ယူနစ်ဝါဒီ ) ကိုရန်သူ နေရာတွင် ထားရမည့် အစား အီရန်ကို ထားနေသည့် အချို့ အာရပ် အစ္စလာမ်နိုင်ငံများ အပေါ် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါတယ်။အာရပ် များ နှင့် မွတ်စလင်မ်များ ၏ ဆန့်ကျင်ပြီး မတရား လုယူမှု မတရားကျူးကျော်မှု ပြုလုပ်ပြီး ကလေးငယ်များကို သတ်ဖြတ်နေသည့် ဇီယွန် အစိုးရ (အစ္စရေး အစိုးရ ) ၊၎င်း၏ လက်ဖြင့် နှစ်ပေါင်းများ စွာ ရာဇဝတ်မှုများ ကျူးလွန်းနေမှု ကိစ္စ သည် နှလုံးသားနိုးကြားနေသည့် လူမျိုးများ ၏ စိတ်များတွင် ရှိနေကြောင်း ပြောကြား ခဲ့ပါ တယ်။
မတရား ကျူးကျော်မှု အတွက် ဇွဲ နှင့် ကြိုးပမ်းမှု ကာကွယ်မှု တို့သည် ပါလက်စတိုင်း နှင့်ဘိုက်သိုလ် မိုကဒ်ဒစ် လွတ်မြောက်ရန် အတွက် အစ္စလာမ့်ကမ္ဘာ အတွက် မျှော်လင့်ချက် ကို ဖြစ်စေကြောင်း ဒီမျှော်လင့်ချက် သည် အမြဲ ရှိရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မှတ်သားစရာ အချက်မှာ အာရပ် အဖွဲ့ချုပ်၏ ဂျော်ဒန် နိုင်ငံ တွင် ကျင်းပသည့် တစ်ရက် အစည်းအဝေး တွင် မိမိတို့ အနေဖြင့် အစ္စရေး အစိုးရ (ဇီယွန်အစိုးရ) နှင့် သမိုင်းဝင် ငြိမ်းချမ်း လုပ်ဖို့ အသင့် ရှိကြောင်း သို့သော် ၁၉၆၇ ခုနှစ် စစ်ပွဲအပြီး သိမ်းထားသည့်နယ်များ ကို အစ္စရေး အစိုးရ မှ ပြန်လည်း ပေးရမည် ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။
အာရပ် အဖွဲ့ချုပ် ခေါင်ဆောင်များ ၏ တရားမဝင် အစ္စရေး အစိုးရ နှင့် ငြိမ်းချမ်းရေးပြုဖို့ အသင့်ဖြစ်ကြောင်း ကြေညာချိန်ဟာ အာရပ်နိုင်ငံများ အထူးသဖြင့်ဆော်ဒီ နှင့် ဘာရိန်း နိုင်ငံတို့မှ တရား မဝင် ပါလက်စတိုင်းနှင့် မွတ်စလင်မ်များ ၏ ရန်သူ ၊တရားမဝင်အစ္စရေး အစိုးရ နှင့် တိတ်ဆိတ် စွာ မကြာသေးသည့်နှစ်များ အတွင်း အဆက်အသွယ် ရှိထားပြီးချိန် ဖြစ်ပါတယ်။
အာရပ် အဖွဲ့ချုပ်ခေါင်းဆောင်များ ပိတ်ပွဲအစည်း အဝေး ၏ အထွေထွေ အတွင်းရေးမှူး အဲဟ်မဒ် အဗူအလ်ဂိုက်(သွ) အနေဖြင့် အစီရင်ခံစာကိုဖတ်ကြား ပြခဲ့ပါတယ်။ ထို အစီရင်ခံစာ တွင် ပါလက် စတိုင်း ပြည်သူလူထု ၏ သဘောဆန္ဒ ကို မျက်ကွယ် ပြုပြီး ပါလက်စတိုင်း ကိုယ်ပိုင် အဖွဲ့ အစည်း နှင့်အစ္စရေး တို့ အကြား ဖြေရှင်းနိုင်ရန် ဆွေးနွေးပွဲ ပြုလုပ်ဖို့ တိုက်တွန်းထားတာကိုတွေ့ရပါတယ်။ ပါလက်စတိုင်းကိုယ်ပိုင်အဖွဲ့ နှင့်အစ္စရေး အကြားဆွေးနွေးပွဲလုပ်တိုင်း ပါလက်စတိုင်း ပြည်သူလူထု ဖက်က အရှုံးနှင့် သာရင်ဆိုင်ခဲ့ရပါတယ်။
အာရပ်အဖွဲ့ချုပ်ခေါင်းဆောင်များ အစည်းအဝေး အဆုံးသတ်ပွဲ တွင် လိမ်ညာ၍ မှားယွင်းစွာ အခြေ အမြစ် မဲ့စွာဖြင့် နောက်တစ်ကြိမ် ထပ်၍ အီရန်ပိုင် ကျွန်းဆွယ် ၃ ခုအား အာရပ်စော်ဘွားများ ပိုင်ကြောင်းအရှက်မဲ့ စွာ ဖြင့်ကြေညာခဲ့ပါတယ်။ အမှန်တကယ်ဆို ဤ ကျွန်းဆွယ် ၃ ခုအား အီရန် ပိုင်ကြောင်း ကုလသမဂ္ဂ မှ လည်း အသိအမှတ် ပြုထားပြီး ဖြစ်ပါတယ်။
အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး ဌာန ၏ ပြောရေး ဆိုခွင့်ရှိသူ ဗဲဟ်ရာမ် ကာစေမီ အနေဖြင့် မိမိတို့ အီရန် နိုင်ငံ အနေဖြင့် အစဉ်အမြဲ အိမ်နီးချင်းနိုင်ငံများ နှင့်မိတ်ဆွေ အဖြစ် ငြိမ်းချမ်းစွာ ဖြင့်သာနေလိုသည့် နိုင်ငံ ဖြစ်ကြောင်း၊နိုင်ငံအချင်းချင်း အပြန်အလှန် လေးစားရိုသေပြီး အပြန်အလှန် ပြည်တွင်းရေးများ ကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ နေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
===============
251/ End